“ယခုဘဏ္ဍာနှစ်အတွင်း အမေရိကန်ဒေါ်လာ ၁၅,၄၈၃ သန်းခန့် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့”
03 Decယခုဘဏ္ဍာနှစ် ဧပြီလမှ အောက်တိုဘာလအထိ မြန်မာနိုင်ငံနှင့် ပြည်ပနိုင်ငံများကြား ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်မှုအနေနဲ့ အမေရိကန်ဒေါ်လာ ၁၅,၄၈၃ သန်းခန့် ကုန်သွယ်မှုပြုလုပ်နိုင်ခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရပါတယ်။ ယခုဘဏ္ဍာနှစ်အတွင်းမှာ ပြည်တွင်းမှ ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့သော ကုန်ပစ္စည်းများတွင် လယ်ယာထွက်ကုန် ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ စက်မှုကုန်ချောပစ္စည်း၊ သတ္တုတွင်းထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်းနှင့် တခြားကုန်ပစ္စည်းများလည်းပါဝင်ပြီး ၎င်းကုန်ပစ္စည်းများတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၈,၅၁၆ သန်း ကျော် ရရှိခဲ့ပါတယ်။ အဆိုပါ ပို့ကုန်ပစ္စည်းများကို တရုတ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျာမနီ၊ နယ်သာလန်၊ ပိုလန်၊ ဘယ်လ်ဂျီယံ၊ အီတလီ၊ ဗြိတိန်၊ အမေရိကန် စတဲ့ နိုင်ငံများသို့ တင်ပို့ခဲ့ပါတယ်။ ဒါ့အပြင် ပြည်ပမှ ပြည်တွင်းသို့ သွင်းကုန်အနေနဲ့လည်း မော်တော်ယာဉ်များနှင့် ဆက်စပ်ပစ္စည်းများ၊ စက်နှင့် စက်ပစ္စည်းများ၊ သံ၊ သံမဏိ၊ ဆောက်လုပ်ရေးပစ္စည်း၊ ရေနံထွက်ပစ္စည်း၊ ဓာတုပစ္စည်း၊ ဓာတ်မြေဩဇာ၊ ပလတ်စတစ် ကုန်ကြမ်းပစ္စည်း၊ စက်သုံးဆီ၊ စားအုန်းဆီနှင့် ဆေးဝါး အစရှိတဲ့ ကုန်ပစ္စည်းများကို စုစုပေါင်း အမေရိကန်ဒေါ်လာ ၆,၉၆၆ သန်းကျော် တင်သွင်းခဲ့ကြောင်း သိရပါတယ်။ (NVS-004)