ကုန်ဈေးနှုန်းသတင်း ၃.၁၂.၂၀၂၄
03 Decဒီဇင်ဘာလ ၃ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲနဲ့ ပဲစင်းငုံနီဈေးတွေ ဆက်တိုက်ကျဆင်းနေပေမယ့် ပြောင်းဆန်၊ ပဲတီစိမ်းနဲ့ ပဲပုပ်၊ စားတော်ပဲဈေးတွေကတော့ အနည်းငယ် တက်လာပါတယ်။ ကြက်သွန်ဖြူ၊ မန်ကျည်းသီနဲ့ အာလူးဈေးတွေ ဈေးငြိမ်နေပြီး ကြက်သွန်နီဈေး ကတော့ အနည်းငယ် မြင့်တက်လာပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၂,၅၀၀ ကျပ်၊ မတ်ပဲ(SQ/RC) တစ်တင်း ကို ၁၂၄,၈၇၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၈၃၀ ကျပ်ကနေ ၅,၈၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၁၈,၉၂၈ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၆,၃၂၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၃၁၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာကို ၆,၁၄၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၅,၆၇၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၆၆၅ ကျပ်ကနေ ၈,၃၃၅ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၆၀၀ ကျပ်ကနေ ၁,၆၂၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၆၅၀ ကျပ်ကနေ ၇,၀၀၀ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်းပေါ်(ဆီတိုး/အထွက်တိုး) တစ်ပိဿာ ကို ၇,၁၆၅ ကျပ်ကနေ ၇,၃၃၅ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၁,၈၀၀ ကျပ်ကနေ ၄,၇၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၅၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ပုစွန်ခြောက်(ဖျာပုံရွှေပုစွန်) တစ်ပိဿာကို ၇၀,၀၀၀ ကျပ်ကနေ ၂၈၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၁၇,၀၀၀ ကျပ်ကနေ ၃၀,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၄၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၀၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၃,၀၁၅ ကျပ်၊ မန္တလေးမှာ ၃,၀၉၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၇၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၈၀ ကျပ်၊ မန္တလေးမှာ ၃,၂၆၅ ကျပ်၊ နေပြည်တော်မှာ ၃,၂၄၀ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၅၅ ကျပ်၊ မန္တလေးမှာ ၂,၇၃၅ ကျပ်၊ နေပြည်တော်မှာ ၂,၇၁၀ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၉၀ ကျပ်၊ မန္တလေးမှာ ၃,၃၇၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၄၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၇၆,၄၈၀/-) ငါးဆယ် သုံးသိန်း ခုနစ်သောင်း ခြောက်ထောင် လေးရာ ရှစ်ဆယ်ကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၁၀၀,၀၀၀ိ/-) ခြောက်ဆယ် တစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါတယ်။