“အရေးပေါ်ခန်းထဲမှာ စိုးရိမ်ရတဲ့အခြေအနေ ရှိနေသေးတဲ့ ဖီအိုရင်တီးနားကစားသမား အီဒွါဒိုဘို့ဗ်”

03 Dec

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက် တနင်္ဂနွေညမှာကစားခဲ့တဲ့ စီးရီးအေပွဲစဉ်အဖြစ် ဖီအိုရင်တီးနားအသင်းနဲ့ အင်တာမီလန်အသင်းတို့ ပွဲစဉ်မှာ ကစားကွင်းထဲလဲကျခဲ့တဲ့ ဖီအိုရင်တီးနားအသင်းကွင်းလယ်လူ အီဒွါဒိုဘို့ဗ် ဟာ လက်ရှိအချိန်တွင် အရေးပေါ်အခန်းထဲမှာ ရှိနေဆဲဖြစ်ပြီး စိုးရိမ်ရတဲ့ အခြေအနေရှိနေတယ်လို့ သိရပါတယ်။ အဆိုပါပွဲစဉ်မှာ အီဒွါဒိုဘို့ဗ် ဟာ ကွင်းအတွင်းလဲကျခဲ့ပြီးနောက် အရေးပေါ်ကုသမှုတွေ ပြုလုပ်ခဲ့ရပြီး ဘို့ဗ် ကို ဆေးရုံသို့ တင်ပို့ခဲ့ရပါတယ်။ အဆိုပါဖြစ်ရပ်ကြောင့် ပွဲကိုတာဝန်ထားတဲ့ ဒိုင်လူကြီးကလည်း ပွဲကိုရပ်နားလိုက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အသက် ၂၂ နှစ်အရွယ် ဘို့ဗ် ဟာ အရေးပေါ်အခန်းထဲမှာ စောင့်ကြည့်မှုကို ခံယူနေရဆဲဖြစ်တယ်လို့ ဖီအိုရင်တီးနားအသင်းက ထုတ်ပြန်ကြေညာထားပါတယ်။ အရေးပေါ်ခန်းမကို ဘို့ဗ် ရောက်ရှိချိန် စစ်ဆေးချက်တွေအရ နှလုံးနဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ခံစားနေရတာကို စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဘို့ဗ် ဟာ အခုနွေရာသီမှာ ရိုးမားကနေ ဖီအိုရင်တီးနားအသင်းကို တစ်ရာသီအငှားစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အပြီးသတ်ခေါ်ယူခွင့်ကိုလည်း သဘောတူညီ ထားသူဖြစ်ပါတယ်။ (NVS 008)

03 Dec

ADVERTISE HERE .