“ဂျာမန်ပိုကယ်ဖလားပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတဲ့ ဟယ်ရီကိန်း”

03 Dec

ဂျာမန်ဘွန်ဒက်လီဂါပြိုင်ပွဲအဖြစ် ကစားခဲ့တဲ့ ဒေါ့မွန်အသင်းနဲ့ ဘိုင်ယန်မြူးနစ်အသင်းပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်း ဒဏ်ရာရှိခဲ့တာကြောင့် လာမယ့် ဂျာမန်ပိုကယ်ဖလားပွဲစဉ်နဲ့ လွဲချော်ဖွယ်ရှိတယ်လို့ နည်းပြ ကွန်ပနီ က ပြောကြားခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ တိုက်စစ်မှူး ဟယ်ရီကိန်းက ပွဲချိန် ၃၃ မိနစ်အချိန်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် တိုက်စစ်မှူး သောမတ်မူလာနဲ့ လူစားလဲခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ဟယ်ရီကိန်း ရဲ့ ဒဏ်ရာကို စစ်ဆေးခဲ့ရာ ပြင်းထန်မှုမရှိပေမယ့် ဒီဇင်ဘာလ ၄ ရက်မှာ ကစားမယ့် ဂျာမန်ပိုကယ်ဖလား ၁၆ သင်းအဆင့် ပွဲစဉ်ကို လွဲချော်တော့မှာ ဖြစ်တယ်လို့ နည်းပြ ကွန်ပနီ က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ (NVS 008)

03 Dec

ADVERTISE HERE .