“ဒီယက်ဇ် ကို အပြိုင်ခေါ်ယူမယ့် ဘာစီလိုနာအသင်းနှင့် ပီအက်စ်ဂျီအသင်း”

03 Dec

ပီအက်စ်ဂျီအသင်းနှင့် ဘာစီလိုနာအသင်းတို့က လီဗာပူးလ်အသင်းရဲ့ ကစားသမား ဒီယက်ဇ် ကို အပြိုင်ခေါ်ယူ ဖို့အတွက် စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ အသက် ၂၇ ရှိပြီဖြစ်တဲ့ ဒီယက်ဇ် ဟာ ပေါ်တိုအသင်းကနေ ၂၀၂၂ ခုနှစ်မှာ ရောက်ရှိလာခဲ့ပြီး လီဗာပူးလ် အသင်းမှာ အကောင်းဆုံးခြေစွမ်းပြသကာ အသင်းအတွက် အားထားရတဲ့ ကစားသမား တစ်ဦး ဖြစ်လာခဲ့ပါတယ်။ ဒီယက်ဇ် ဟာ လီဗာပူးလ်အသင်းအတွက် ပြိုင်ပွဲစုံ ၁၁၇ ပွဲကစားထားပြီး သွင်းဂိုး ၃၃ ဂိုးအထိ သွင်းယူပေးထား နိုင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းနဲ့ ဒီယက်ဇ် တို့ရဲ့ စာချုပ်ဟာ လာမယ့် ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမှာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက ဒီယက်ဇ် နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေလုပ်ဆောင်ခဲ့ပေမယ့် ဒီယက်ဇ် က လုပ်ခလစာ တိုးမြှင့်တောင်းဆိုခဲ့တာကြောင့် အဆင်မပြေမှုတွေ ဖြစ်ပေါ်ခဲ့ပြီး ကြန့်ကြာနေခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အသင်းမှာ အဆင်မပြေဖြစ်နေတဲ့ ဒီယက်ဇ် ကို ပီအက်ဂျီအသင်းနဲ့ ဘာစီလိုနာအသင်းတို့က ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ (NVS 008)

03 Dec

ADVERTISE HERE .