“အမေရိကန်နှင့် အစ္စရေးက ဆီးရီးယားတွင် တိုက်ပွဲများဖြစ်ပေါ်စေရန် ပူးပေါင်းကြံစည်လုပ်ဆောင်ခြင်း ဖြစ်”
03 Decဆီးရီးယားတွင် အကြမ်းဖက်သမားများနှင့်ဆီးရီးယားတပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပေါ်စေရန် အမေရိကန်နှင့်အစ္စရေးတို့က ပူးပေါင်းကြံစည်လုပ်ဆောင်ခြင်းဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အက်စမေးဘက်ဂါအီ က ဒီဇင်ဘာလ ၂ ရက်တွင် ပြောသည်။ အစ္စရေး က ဟစ်ဇ်ဘိုလာနှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်လက်မှတ်ထိုးပြီးနောက် ဆီးရီးယားနိုင်ငံမြောက်ပိုင်း၌ အကြမ်းဖက် သမားများက တိုက်ခိုက်မှုများလုပ်ဆောင်လာခြင်းမှာ တိုက်ဆိုင်မှုမဟုတ်ကြောင်း အဆိုပါပြောရေးဆိုခွင့်ရှိသူ က ပြောသည်။ ဟာယတ်တာ ရီယာအယ်ရှမ်း အကြမ်းဖက်အဖွဲ့က နိုဝင်ဘာလ ၂၇ ရက်မှစ၍ ဆီးရီးယားနိုင်ငံ မြောက်ပိုင်းကို တိုက်ခိုက်မှုများလုပ်ဆောင်ကာ ၂၉ ရက်တွင် အလက်ပိုမြို့သို့ ဝင်ရောက်လာခြင်းဖြစ်သည်။ ထို့နောက် အမေရိကန်နှင့်အစ္စရေးတို့အနေဖြင့် ဆီးရီးယားကို အင်အားနည်းပါးစေရန်နှင့်အစ္စလာမ်မစ်နိုင်ငံ များကြား၌ သွေးကွဲမှုများဖြစ်ပေါ်စေရန် အဆိုပါတိုက်ခိုက်မှုများကို အသုံးပြုခြင်းဖြစ်ကြောင်း အီရန်ပြောရေးဆိုခွင့် ရှိသူက သတင်းစာရှင်းလင်းပွဲတွင် ပြောထားသည်။ ထို့ပြင် ဆီးရီးယားနိုင်ငံရှိ စစ်သွေးကြွအဖွဲ့များကို အမေရိကန် က နှစ်ပေါင်းများစွာကြာ ထောက်ပံ့မှုများပေးခဲ့ခြင်းဖြစ်ပြီး အစ္စရေးနိုင်ငံသည် ဆီးရီးယားနိုင်ငံအတွင်း ပဋိပက္ခများ မှနေ၍ အကျိုးကျေးဇူးများ ရရှိနေသူဖြစ်သည့်အတွက် အစ္စလာမ်မစ်နိုင်ငံများ အားလုံးအနေဖြင့်အစ္စရေး၏ အန္တရာယ်ကို သိရှိကြရန် ၎င်းက တိုက်တွန်းထားသည်ဟု RT သတင်းဌာနဖော်ပြချက်အရ သိရသည်။