“ဒီဇင်ဘာလအတွက် ရန်ကုန်အထိုင် မြေဩဇာဈေးများသတ်မှတ်ထုတ်ပြန်”

03 Dec

မြန်မာနိုင်ငံမြေဩဇာ၊မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းမှ ဒီဇင်ဘာလအတွက် မြေသြဇာ (၃) မျိုး၏ ရန်ကုန်အထိုင်ဈေးများကို သတ်မှတ်ထုတ်ပြန်လိုက်ပါတယ်။ ယူရီးယားမြေသြဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီက တောင်သူတွေ အဓိကသုံးစွဲနေသည့် မြေသြဇာ ၃ မျိုးအတွက် ဒီဇင်ဘာလ ၁ ရက်မှ ၃၁ ရက်အထိ ရန်ကုန်အထိုင်ဈေးများကို သတ်မှတ်ထုတ်ပြန်ခဲ့ပြီး ‌ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း ထုတ်ပြန်ထားတဲ့ ဈေးနှုန်းများအရ သိရပါတယ်။ ၎င်းတို့မှာ ယူရီးယားမြေသြဇာ(အလုံးကြီး) ၅၀ ကီလိုတစ်အိတ်လျှင် ၉၇,၀၀၀ ကျပ်၊ Rock Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ်ကို ၁၂၄,၀၀၀ ကျပ်၊ Diammonium Phosphate အခြေခံ ၁၅ ပတ်လည် ကီလိုတစ်အိတ်လျှင် ၁၃၇,၀၀၀ ကျပ် သတ်မှတ်ထားကြောင်း သိရပါတယ်။ ဖော်ပြပါ ဈေးနှုန်းများက ရန်ကုန်အထိုင် လက်ကားဈေးများဖြစ်တာကြောင့် ဒေသအလိုက် သယ်ယူစရိတ် အပေါ်မူတည်ပြီး ဈေးနှုန်းအနည်းငယ် ပြောင်းလဲ နိုင်ပြီး ရည်ညွှန်းဈေးနှုန်းများနှင့်အညီ ရောင်းချခြင်းမရှိပါက တိုင်ကြားနိုင်ကြောင်း အသိပေးထားပါတယ်။ (NVS 003)

03 Dec

ADVERTISE HERE .