"မြို့ပတ်ရထားလက်မှတ်ခ တိုးမြှင့်ကောက်ခံ"

03 Dec

ရန်ကုန်မြို့ပတ်ရထားလက်မှတ်ခတွေကို ဒီဇင်ဘာလ ၂ ရက်က စတင်ပြီး ထပ်မံတိုးမြှင့် ပြောင်းလဲကောက်ခံ နေတယ်လို့ ရန်ကုန်ဘူတာကြီးက တာဝန်ရှိသူတစ်ယောက်က ပြောပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းပိုင်းမှာ စပိန်နိုင်ငံက ဝယ်ယူထားတဲ့ DEMU ရထားတွဲဆိုင်းသစ်တွေနဲ့ နိုဝင်ဘာလ ၂၉ ရက်က စတင်ပြေးဆွဲပြီးနောက် ရထားလက်မှတ်ခတွေကို တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ မြို့ပတ်ရထား လက်မှတ်ခတွေအနေနဲ့ အရင်က ခရီးစဉ်တစ်ဝက် ၁၅ မိုင်ထိ ကျပ် ၄၀၀ ကနေ ၅၀၀ ကျပ်၊ မြို့တစ်ပတ်စာကို ၈၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ် ပြောင်းလဲကောက်ခံတာ ဖြစ်တယ်လို့ သိရပါတယ်။ မြို့ပတ်ရထားစီးနင်းမှုကတော့ ရုံးချိန်အတွင်း ခရီးသည်စီးနင်းမှုများပြားပြီး ကျန်ရှိတဲ့အချိန်တွေကတော့ ပုံမှန်အတိုင်း ဖြစ်တယ်လို့ ဆိုပါတယ်။မြို့ပတ်ရထားပြေးဆွဲမှုအနေနဲ့ကတော့ နေ့စဉ် RBE ရထားအစင်း ၂၀ နဲ့ DEMU ၁၅ စင်းအသုံးပြုပြီး အစားထိုးပြေးဆွဲပေးနေတဲ့အတွက် အရင်ကထက် ပိုမိုမြန်ဆန် အဆင်ပြေချောမွေ့စွာနဲ့ လိုရာခရီးကို စီးနင်းသွားလာနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 003)

03 Dec

ADVERTISE HERE .