“စားအုန်းဆီ အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်း မြင့်တက်လာ”
03 Decယခုအပတ်အတွင်း ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများတွင် ဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှု များအရ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်အထိ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းမှာ စားအုန်းဆီတစ်ပိဿာကို ၇,၃၀၅ ကျပ်ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဆိုပါဈေးနှုန်းက ကမ္ဘာ့စားအုန်းဆီထုတ်လုပ်တင်ပို့တဲ့ နိုင်ငံများမှာ ဖြစ်ပေါ်နေသော ဈေးကွက်နှင့် ဈေးနှုန်းများအရ သတ်မှတ်ထားခြင်းဖြစ်ပြီး ယခင်တစ်ပတ်ကရည်ညွှန်းဈေးနှုန်းမှာ ၇,၂၈၀ ကျပ် ဖြစ်ခဲ့တာကြောင့် ယခုတစ်ပတ်မှာ ၂၅ ကျပ် ထပ်တက်လာခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ စားအုန်းဆီများကို ပြည်တွင်းဈေးကွက်အတွင်း ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်းအပါအဝင် မသမာသည့် လုပ်ဆောင်မှုများပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းလည်း အသိပေးထုတ်ပြန်ထားပါတယ်။ (NVS 003)