“အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်)ရဲ့ နှစ်(၁၀၀) ပြည့်အထိမ်းအမှတ် ပန်းပွဲတော်(Floral Fantasia) ကျင်းပမည်”

03 Dec

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ အမျိုးသားကန်တော်ကြီးဥယျာဉ်ရဲ့ နှစ် (၁၀၀)ပြည့် အထိမ်းအမှတ် (၁၇) ကြိမ်မြောက် ပန်းပွဲတော် (Floral Fantasia) ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၄ ရက်မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်အထိ ၁ လကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲတော်မှာ MSME ဒေသထွက်ကုန် အရောင်းပြခန်းများ၊ ဂီတ ဖျော်ဖြေပွဲများနှင့် မျက်လှည့်ပွဲများအပြင် ပန်းပြပွဲကို အခြားနှစ်များနှင့်မတူ တမူထူးခြားစွာထည့်သွင်း ကျင်းပသွားမှာဖြစ်တာကြောင့် မြန်မာပြည်အနှံ့အပြားမှ ပန်းချစ်သူများကို လာရောက်လည်ပတ်ဖို့ ဖိတ်ခေါ်ထားကြောင်း အမျိုးသားကန်တော်ကြီး ဥယျာဉ်ထိန်းသိမ်းရေး ကော်မတီမှ သိရပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာလည်း "Flower Dreamland" (၁၆) ကြိမ်မြောက် ပန်းပွဲတော်ကို ကျင်းပခဲ့ရာမှာ ပြည်တွင်းနှင့် ပြည်ပ ပန်းမျိုးစိတ်အရေအတွက် ၂ သိန်းနီးပါးကို ဇုန် ၈ ဇုန်ခွဲ၍ ပြသပေးခဲ့ပြီး ထူးခြားမှုအနေဖြင့် လီလီပန်းပြကွက်နှင့် သစ်ခွဥယျာဉ်ဆိုပြီး ထည့်သွင်းပြသခဲ့သလို ဈေးပွဲတော်နှင့် ဒေသထွက်ကုန် အရောင်းပြခန်း ၅၀ တို့ဖြင့် ဒေသထုတ်ကုန်၊ စားသောက်ကုန်နဲ့ လူသုံးကုန် ပစ္စည်းများကိုရောင်းချပေးခဲ့တယ်လို့လည်း သိရပါတယ်။ (NVS 008)

03 Dec

ADVERTISE HERE .