“သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ တက်ရောက်”

03 Dec

နိုင်ငံတော်သြဝါဒါစရိယရွှေကျင်နိကာယ သာသနာပိုင်အဘိဓဇမဟာရဋ္ဌဂုရု သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များရဲ့ အဓိပတိဆရာတော် ဒေါက်တာအရှင်ဉာဏိဿရသီတဂူဆရာတော်ကြီးက နီပေါနိုင်ငံဝန်ကြီးချုပ်ရဲ့ အထူးဧည့်သည် တော်အဖြစ် နီပေါနိုင်ငံသို့ နိုဝင်ဘာလ ၃၀ ရက်က ကြွရောက်ခဲ့ပြီး Lumbini Buddhist University မှာ ကျင်းပတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (International Seminar on Exploring Gautam Buddha’s Teachings on Peacekeeping and Sustainable Development) သို့ တက်ရောက်ခဲ့ပါတယ်။ အဆိုပါဆွေးနွေးပွဲတွင် သီတဂူဆရာတော်ကြီးက ငြိမ်းချမ်းရေး၏ အရေးကြီးပုံ၊ ငြိမ်းချမ်းရေးသည် တစ်ကမ္ဘာလုံးအတွက် အရေးကြီးသလို လူတစ်ဦးချင်းစီအတွက်ကလည်း ပိုမိုအရေးပါကြောင်း မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။ ဆက်လက်ပြီး ဒီဇင်ဘာလ ၁ ရက်တွင် ဆရာတော်ကြီးနှင့် ဂုဏ်ထူးဆောင်စာပေပါရဂူဘွဲ့ရရှိသူ သီလရှင် ဆရာကြီး ဒေါ်ဓမ္မဝတီ တို့ကို မြန်မာသံရုံးဝန်ထမ်းများနှင့် မိသားစုများက သီတဂူ Dharma Kirti Vihar ကျောင်းမှာ နေ့ဆွမ်းဆက်ကပ်လှူဒါန်းပြီး မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာရာတွင် သံအမတ်ကြီးနှင့် သံရုံးဝန်ထမ်းများက လိုက်ပါ ပို့ဆောင်ခဲ့ကြပါတယ်။ သီတဂူဆရာတော်ကြီးသည် ကတ္တမန္ဒူးမြို့ရှိ World Peace Temple ကျောင်းတွင် သီတင်းသုံးနေသည့် သံဃာတော်များအတွက် သင်္ကန်းအစုံ ၁၀၀ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။ (NVS 003)

03 Dec

ADVERTISE HERE .