“ကွင်းပိတ်ပြစ်ဒဏ် ချမှတ်ခံရတဲ့ စပို့တင်းလစ္စဘွန်းအသင်း”
02 Decပြီးခဲ့တဲ့ ချန်ပီယံပွဲစဉ်မှာ စပို့တင်းလစ္စဘွန်းအသင်းနဲ့ အာဆင်နယ်တို့ယှဉ်ပြိုင်ခဲ့ကြပြီး အာဆင်နယ်အသင်းက ၅ ဂိုး၊ ၁ဂိုးနဲ့ အနိုင်ရှိခဲ့တာကြောင့် စပို့တင်းလစ္စဘွန်းအသင်းရဲ့ ပရိသတ်များက ကွင်းအတွင်းသို့ မီးရှူးမီပန်းများ ပစ်ဖောက်ခဲ့တာကြောင့် ယူအီးအက်ဖ်အေ က စပို့တင်းအသင်းကို ကွင်းပိတ်ပစ်ဒဏ်ချမှတ်ရန် စီစဉ်နေတယ်လို့ သိရပါတယ်။ စပို့တင်းအသင်းပရိသတ်တွေက အာဆင်နယ်အသင်းကစားသမား ကိုင်ဟားဗက် ဂိုးသွင်းယူပြီးချိန်မှာ ကွင်းအတွင်းသို့ မီးရှူမီးပန်းများနှင့် မီးခိုးဗုံးများကို ပစ်ဖောက်ခြင်းများ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယူအီးအက်ဖ်အေ က လာမယ်ချန်ပီယံလိဂ် ပွဲစဉ်အဖြစ် စပို့တင်းအသင်းနဲ့ ဘိုလော့ဂ်နာအသင်းတို့ပွဲစဉ်ကို ပရိသတ်ကြည့်ရှုခွင့်ပိတ်ခဲ့သလို ဒဏ်ငွေပြစ်ဒဏ်ပါ ချမှတ်သွားဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့ မန်စီးတီးကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာလည်း စပို့တင်းအသင်းက အခုလိုမျိုး မီးရှူးမီးပန်း ပစ်ဖောက်ခဲ့တာကြောင့် ယူအီးအက်ဖ်အေ က စတာလင်ပေါင် ၂၀,၀၀၀ ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ (NVS 008)