"ဝယ်လိုအားမြင့်တက်နေတာကြောင့် စားတော်ပဲများ အရောင်းအဝယ်ကောင်းမွန်နေ"

02 Dec

ပြည်တွင်းမှာ စိုက်ပျိုးထွက်ရှိတဲ့ စားတော်ပဲကို ပြည်တွင်း၊ ပြည်ပမှ ဝယ်လိုအားတွေ မြင့်တက်နေတာကြောင့် ဈေးကွက်အတွင်း အရောင်းအဝယ်ကောင်းမွန်နေတာဖြစ်ပြီး ပဲကုန်သည်များရဲ့ ပြောပြချက်အရ သိရပါတယ်။ လက်ရှိပြည်တွင်းမှ ထွက်ရှိသည့် စားတော်ပဲများကို ရန်ကုန်၊ လာရှိုးအပါအဝင် မန္တလေးမြို့မှ ကုန်သည်များ အနေနဲ့ အဝယ်များပြားလျက်ရှိပြီး ပြည်တွင်းဈေးကွက်အပြင် ပြည်ပကပါ ဝယ်ယူမှုများပြားနေတာကြောင့် အရောင်းအဝယ်ပြန်လည်ကောင်းမွန်လာတာ ဖြစ်တယ်လို့ သိရပါတယ်။ မန္တလေးဈေးကွက်အတွင်း စားတော်ပဲကို ကုန်သည်များဝယ်ယူမှုများပြားလာတဲ့အပြင် အရောင်းအဝယ် ကောင်းမွန်လာခြင်းကြောင့် စားတော်ပဲသုံးတင်းဝင် တစ်အိတ်ကို ငွေကျပ် ၄၅၀,၀၀၀ ဈေးရှိတယ်လို့ သိရပါတယ်။ (NVS 003)

02 Dec

ADVERTISE HERE .