“မုံရွာမြို့ ပထမလယ်တီ ဆရာတော်ဘုရားကြီးရဲ့ (၁၁၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲကျင်းပမည်”

02 Dec

မုံရွာမြို့၊ ပထမလယ်တီဆရာတော်ဘုရားကြီးရဲ့ (၁၁၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ပူဇော်ပွဲအဖြစ် လယ်တီမဟာသရဏဂုံတော်ကြီးပါဠိတော်များ ရွတ်ဖတ်ပူဇော်ခြင်းနှင့် မဟာလယ်တီကျောက်စာတိုက် ဓမ္မစေတီ များကို ဆီမီး ၅,၀၀၀ ထွန်းညှိပူဇော်ကြမည်ဖြစ်ကြောင်းသိရပါတယ်။ ကောဇာသက္ခရာဇ် ၁၃၈၆ ခု၊ နတ်တော်လဆန်း ၁၃ ရက်၊ ဒီဇင်ဘာလ ၁၃ ရက်မှာ ကျရောက်သော ကျေးဇူးတော်ရှင် ပထမလယ်တီဆရာတော်ဘုရားကြီး၏ (၁၁၄) နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် နတ်တော် လဆန်း ၁၁ ရက်၊ ၁၂ ရက်နှင့် ၁၃ ရက်များမှာ နေ့စဉ် နံနက် ၇ နာရီမှ ည ၇ နာရီ အထိ မဟာလယ်တီကျောင်းတိုက် သံဃာတော်များက လယ်တီမဟာသရဏဂုံတော်ကြီး ပါဠိတော်များ ရွတ်ဖတ်ပူဇော်ကြမှာ ဖြစ်ပါတယ်။ ပထမလယ်တီဆရာတော်ဘုရားကြီးရဲ့ မွေးနေ့အထိမ်းအမှတ် ဆွမ်းဆန်တော်လောင်းလှူပွဲကို အကြောင်း အမျိုးမျိုးကြောင့် ယခုနှစ်မှာလည်း မကျင်းပဖြစ်သေးကြောင်း မုံရွာမြို့ မဟာလယ်တီကျောင်းတိုက် ဒသမ ပဓာန နာယကဆရာတော်ဘုရားနှင့် မဟာလယ်တီ စာချနာယကစာချဆရာတော်များရဲ့ နိုဝင်ဘာလ ၃၀ ရက် ညနေ ၄ နာရီအချိန် အစည်းအဝေးဆုံးဖြတ်ချက်အရ သိရပါတယ်။ (NVS 003)

02 Dec

ADVERTISE HERE .