လက်စတာအသင်းနည်းပြသစ်အဖြစ် နစ္စတယ်ရွိုင်းကို ခန့်အပ်
01 Dec
လက်စတာအသင်းဟာ PSV နဲ့ မန်ယူနည်းပြဟောင်း နစ္စတယ်ရွိုင်း ကို လက်စတာအသင်း နည်းပြသစ် အဖြစ် ခန့်အပ်လိုက်ပါတယ်။ နစ္စတယ်ရွိုင်း ဟာ ပြီးခဲ့တဲ့ တစ်ပတ်က ထုတ်ပယ်ခံလိုက်ရတဲ့ နည်းပြ စတိဗ်ကူးပါးနေရာမှာ ဝင်ရောက်တာဝန်ယူရမှာဖြစ်ပါတယ်။ အသက် ၄၈ နှစ်အရွယ် နစ္စတယ်ရွိုင်းဟာ လက်စတာအသင်းနဲ့ ၂၀၂၇ အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုခဲ့ဝာာဖြစ်ပြီး လက်စတာအသင်းကို တာဝန်ယူခွင့်ရတဲ့အတွက် စိတ်လှုပ်ရှားသလို ဂုဏ်လည်း ယူမိပါ တယ် လို့ ပြောခဲ့ပါတယ်။ နစ္စတယ်ရွိုင်းဟာ မန်ယူအသင်းနည်းပြ တန်ဟတ် ထုတ်ပယ်ခံရပြီးနောက် မန်ယူအသင်း ယာယီနည်းပြအဖြစ် ၄ ပွဲတာဝန်ယူခဲ့ရာမှာ ရှုံးပွဲမရှိအောင် ဦးဆောင်နိုင်ခဲ့တာပါ။ လက်စတာအသင်းဟာ အခုရာသီ ပရီးမီးယားလိဂ်မှာ အဆင့် ၁၆ ကိုရောက်နေပြီး တန်းဆင်းဇုန်ထဲ မရောက်ဖို့ကို ရုန်းကန်နေရပါတယ်။ (NVS 008)
01 Dec