ဂျိုကိုဗစ် က မာရေးနှင့် လက်တွဲရမှုက စိတ်လှုပ်ရှားစရာဟုပြော

01 Dec

ဆားဗီးယားတင်းနစ်သမား ဂျိုကိုဗစ်က ဗြိတိန်တင်းနစ်သမား အင်ဒီမာရေးနဲ့ လက်တွဲပြီး အလုပ်ရတော့ မှာက စိတ်လှုပ်ရှားဖို့ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လကမှ ကစားသမားဘဝကနေ အနားယူထားတဲ့ မာရေးကို ဂျိုကိုဗစ်က နည်းပြအဖြစ် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။ ဂရင်းစလမ်ချန်ပီယံဆုကို ၃ ကြိမ်ရရှိထားတဲ့ မာရေးအနေနဲ့ လာမယ့် ရာသီသစ်အတွက် ဂျိုကိုဗစ်ရဲ့ပြင်ဆင်မှုတွေကို ဝာာဝန်ယူပေး သွားရ တော့မှာဖြစ်ပါတယ်။ ဂျိုကိုဗစ် က မာရေးအနေနဲ့ သူ့ရဲ့ ကမ်းလှမ်းမှုကို လက်ခံဖို့အတွက် အချိန်သိပ်မယူခဲ့သလို အလုပ်အတွက် စကားပြောဆိုမှုတွေကလည်း အချိန်ခဏလေး အတွင်းမှာပဲ အဆင်ပြေခဲ့ပါတယ်လို့ ပြောကြားခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် ဂျိုကိုဗစ်ဟာ ဂရင်းစလမ် ချန်ပီယံဆုကို စံချိန်တင်အဖြစ် ၂၄ ကြိမ် ရရှိထားပြီး လာမယ့်ရာသီမှာ နောက်ထပ် ဂရင်းစလမ်ချန်ပီယံဆုတွေ ရယူနိုင်ဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။ (NVS 008)

01 Dec

ADVERTISE HERE .