ရီးရဲလ် ကွင်းလယ်ကစားသမား ကာမာဗင်ဂါ သုံးပတ်ခန့် နားရမည်
01 Decလီဗာပူးလ်နဲ့ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ရီးရဲလ်ကွင်းလယ်လူ ကာမာဗင်ဂါဟာ ကြွက်သားဒဏ်ရာရခဲ့ တာကြောင့် ၂ ပတ်ကနေ ၃ ပတ်အထိ အနားယူရဖွယ် ရှိနေပါတယ်။ လီဗာပူးလ်ကို ရှုံးနိမ့်ခဲ့တဲ့ အဆိုပါ ပွဲစဉ်မှာ ကာမာဗင်ဂါဟာ ပွဲချိန် ၅၆ မိနစ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ဆီဘယ်လော့စ်နဲ့ လူးစားလဲလိုက်ရပါတယ်။ ရီးရဲလ်အသင်းဘက် က ကာမာဗင်ဂါရဲ့ ဒဏ်ရာကို အသေးစိတ် စစ်ဆေးချက်တွေအရ ဘယ်ဘက် ခြေသလုံးကြွက်သားဒဏ်ရာရရှိခဲ့တာဖြစ်ပြီး ၂ ပတ်ကနေ ၃ ပတ်ခန့်အထိ အနားယူရ မယ်လို့ အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် ကာမာဗင်ဂါ ဟာ လာလီဂါပွဲတွေဖြစ်တဲ့ ဂီတာဖေး၊ ဘီလ်ဘာအို၊ ဂျီရိုနာအသင်းတွေအပြင် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကစားရမယ့် အတ္တလန္တာအသင်းနဲ့ ချန်ပီယံလိဂ်ပွဲ ကိုပါ လွဲချော်ရတော့မှာ ဖြစ်ပါတယ်။ ကာမာဗင်ဂါ ဒဏ်ရာရသွားခဲ့တာကြောင့် ရီးရဲလ်အသင်းမှာ ဒဏ်ရာကြောင့်နားနေရတဲ့ ကစားသမားက လည်း ၇ ယောက်အထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့် ၃ ပတ်အတွင်းမှာပဲ ပွဲစဉ် ၇ ပွဲအထိ ကစားရဖို့ရှိနေသလို အသင်းရဲ့ အဓိကကစားသမားအများစု ဒဏ်ရာရရှိနေတာကြောင့် နည်းပြ အန်ဆလော့တီ အနေနဲ့ အသုံးပြုမယ့် ကစားသမားစာရင်းကို ရွေးချယ်ရာမှာ အခက်အခဲတွေ ရှိလာနိုင်တယ်ဆိုတဲ့ သုံးသပ်မှုတွေ လည်း ရှိနေပါတယ်။ (NVS 008)