အာဆီယံ ဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်အဖြစ် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းဥက္ကဋ္ဌကို ခန့်အပ်ခဲ့

01 Dec

အိမ်ရှင်အဖြစ် လာအိုနိုင်ငံ၊ဗီယန်ကျင်းမြို့တွင် လက်ခံကျင်းပသည့် (၃၁) ကြိမ်မြောက် အာဆီယံ ဘောလုံး အဖွဲ့ချုပ်ကွန်ဂရက်အခမ်းအနားတွင် အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီဝင်အဖြစ် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် အကြီးတန်းဒုတိယဥက္ကဋ္ဌနှင့်ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇကို ရွေးချယ်ခန့်အပ်ခြင်း ခံခဲ့ရကြောင်း သိရပါတယ်။ အဆိုပါအခမ်းအနားတွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) ကိုယ်စားလှယ်အဖွဲ့အဖြစ် ဥက္ကဋ္ဌ ဦးဇော်ဇော်၊အကြီးတန်း ဒုတိယဥက္ကဋ္ဌ ဦးပြည့်ဖြိုးတေဇ၊ အထွေထွေအတွင်းအရေးမှူး ဦးထွန်းထွန်းအောင်တို့ တက်ရောက်ခဲ့ပြီး အာဆီယံဘောလုံးအဖွဲ့ချုပ်ကောင်စီအဖွဲ့ဝင်မဲပေးရွေးချယ်ခြင်း၊ ၂၀၂၃ AFF ဘက်ဂျတ်အား အတည်ပြုခြင်း၊အာဆီယံဒေသတွင်း ဘောလုံးဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြိုင်ပွဲများနှင့် အထွေထွေဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။ (NVS 008)

01 Dec

ADVERTISE HERE .