ဆေးတက္ကသိုလ်များနှင့်ဆေးပညာနှီးနွှယ်တက္ကသိုလ်များတွင် ပထမနှစ်သင်တန်းတက်ရောက်ခွင့် ရသူများ ၂,၉၁၀ ဦးရှိ

01 Dec

ကျန်းမာ‌ရေးဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာန အောက်ရှိ ဆေးတက္ကသိုလ်များ၊ Naypyitaw State Academy, Faculty of Medicine ဆေးပညာ နှီးနွှယ် တက္ကသိုလ်များနှင့် တိုင်းရင်းဆေးတက္ကသိုလ်တို့တွင် ပထမနှစ်သင်တန်းတက်ရောက်ခွင့် ရရှိသူ ၂,၉၁၀ ဦး ရှိ ကြောင်း ကျန်းမာရေးဝန်ကြီးဌာနထံမှ သိရပါတယ်။ ယခုပညာသင်နှစ်တွင် ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များ၌ ပထမနှစ် တက်ရောက်ခွင့်ရသော ကျောင်းသား၊ ကျောင်းသူ ၂,၇၈၈ ဦး၊ တိုင်းရင်းဆေးတက္ကသိုလ်တွင် ပထမနှစ်တက်ရောက်ခွင့်ရသူ ကျောင်းသား၊ ကျောင်းသူ ၁၂၂ ဦး စုစုပေါင်း ၂,၉၁၀ ဦး တက်ရောက်ခွင့်ရရှိကြောင်းသိရပါတယ်။ အဆိုပါ သင်တန်းများကို နိုဝင်ဘာလ ၂၁ ရက်မှ စ၍ ဖွင့်လှစ်သင်ကြားလျက် ရှိပြီး နိုဝင်ဘာလ ၂၉ ရက်တွင် ကျောင်းသူ၊ ကျောင်းသားများ ၏ မောင်မယ်သစ်လွင် ကြိုဆိုပွဲကို Naypyitaw State Academy မှာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရပါတယ်။(NVS 008)

01 Dec

ADVERTISE HERE .