(၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံသို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

01 Dec

(၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ညီလာခံအစည်းအဝေးသို့ တက်ရောက်မည့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ဥက္ကဌ ဒေါ်စန္ဒာခင်နှင့် တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃၀ ရက်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ကြောင်း သိရပါတယ်။ အဆိုပါ (၁၉) ကြိမ်မြောက် ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ် ညီလာခံဟာ ပါရာဂွေးနိုင်ငံ၊ အာဆွန်စီယွန် Asunción မြို့တွင်ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ထိုညီလာခံတွင် မြန်မာ့ရိုးရာအတာသင်္ကြန်ပွဲတော်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်မဖြစ် ဆုံးဖြတ်သွားမည် ဖြစ်ကြောင်း သိရပါတယ်။ ညီလာခံဖွင့်ပွဲ အခမ်းအနားကို ဒီဇင်ဘာလ ၁ ရက် မှာ ကျင်းပသွားမည်ဖြစ်ပြီး ကျင်းပသည့် ၇ ရက်အတွင်း ဆုံးဖြတ်ပေးသွားမှာ ဖြစ်ကြောင်း သိရပါတယ်။ ထိုအစည်းအဝေးကို H.E. မစ္စ Nancy Ovelar de Gorostiaga၊ ပါရာဂွေးသမ္မတနိုင်ငံသံအမတ်ကြီးနှင့် အမြဲတမ်းကိုယ်စားလှယ်များတက်ရောက်ကြမည်ဖြစ်ကြောင်း သိရပါတယ်။(NVS 008)

01 Dec

ADVERTISE HERE .