ပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများ သက်ဆိုင်ရာနိုင်ငံ၏ လေယာဉ်လက်မှတ်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်
01 Decပြည်ပသို့အလုပ်သွားရောက်လုပ်ကိုင်မည့်သူများအနေဖြင့် မိမိသွားရောက်မည့်နိုင်ငံ၏ လေယာဉ် လက်မှတ်ပြနိုင်မှသာ OWIC ကတ် ထုတ်ပေးမည်ဖြစ်ကြောင်း အလုပ်သမားညွန်ကြားရေးဦးစီးဌာနက ထုတ်ပြန် ထားတာကြောင့် ယခင်သတ်မှတ်ထားသည့် အချက်အလက်များအပြင် လေယာဉ်လက်မှတ်ကိုပါ တစ်ပါတည်း ပြရ မည်ဖြစ်ကြောင်း သိရပါတယ်။ ဒါ့အပြင် အလုပ်အကိုင်အမျိုးအစား(PJ) နိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများအနေဟာ OWIC ကတ်ရှိမှ သာ ပြည်ပထွက်ခွာခွင့်ရရှိမည်ဖြစ်သည့်အတွက် OWIC ကတ်ကို မဖြစ်မနေလျှောက်ထားရန် အလုပ်သမား ညွှန်ကြားမှုဦးစီးဌာနက အသိပေးထားပါတယ်။ OWIC ကတ်လျှောက်ထားရာတွင်လည်း လူသစ်ဖြစ်ပါက နိုင်ငံကူးလက်မှတ်၊ သန်းခေါင်စာရင်း၊ အလုပ်ခေါ်စာ၊ အေဂျင်စီထောက်ခံချက်၊ စမတ်ကတ်တို့ပြရမည်ဖြစ်ပြီး ခွင့်ပြန် အလုပ်သမားများအနေဖြင့် မိသားစုဆီလွှဲပို့ငွေ၊အခွန်ဆောင်ထားသည့် အထောက်အထားနှင့် အလုပ်ခွင့်စာ တို့လိုအပ်ကြောင်း သိရပါတယ်။ (NVS 008)