VAR စနစ်ကို အစားထိုးပြီး FSV စနစ်ပြောင်းလဲ အသုံးပြုရန်ပြင်ဆင်
29 Nov
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က လက်ရှိကျင့်သုံးနေသော Video Assistant Referee(VAR) စနစ်အစား Football Video Support(FVS)စနစ်ကို ပြောင်းလဲအသုံးပြုရန် ပြင်ဆင်လျက်ရှိကြောင်း သိရပါတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကွင်းလယ်ဒိုင်လူကြီးများအတွက် အထောက်အကူဖြစ်စေရန် Video Assistant Referee(VAR)စနစ်ကို အသုံးပြုလျက်ရှိသော်လည်း လက်ရှိအချိန်ထိ VAR စနစ်မှာ အငြင်းပွားဖွယ်ရာများ ရှိနေလို့ VAR စနစ်အစား FSV စနစ်ကို ပြောင်းလဲအသုံးပြုရန် ပြင်ဆင်နေတာဖြစ်ပါတယ်။ Football Video Support(FVS)စနစ်တွင် နည်းပြများအတွက် ပိုမိုအခွင့်အရေးရရှိလာမည်ဖြစ်ပြီး ပွဲစဉ် တစ်ပွဲတွင် နည်းပြများအနေနဲ့ ကွင်းလယ်ဒိုင်လူကြီးကို FVS စနစ်ဖြင့် နှစ်ကြိမ်အထိ ပြန်လည်စစ်ဆေးခွင့် တောင်းဆို နိုင်မှာ ဖြစ်ပါတယ်။ ဖီဖာက FVS စနစ်ကို လူငယ်ပြိုင်ပွဲများတွင် စမ်းသပ်အသုံးပြုခဲ့ပြီးနောက် မကြာမီတွင် စတင်အသုံးပြုရန် ပြင်ဆင်နေကြောင်း သိရပါတယ်။(NVS 008)