ရီးရဲလ်နဲ့ ဘာစီလိုနာအသင်းတို့က မူရီလို ကိုခေါ်ယူရန် အပြိုင်ကြိုးပမ်း
29 Novနော်တင်ဟမ်အသင်းခံစစ်ပိုင်းမှာ ခြေစွမ်းပြကစားနေတဲ့ ခံစစ်ကစားသမား မူရီလို အား ခေါ်ယူရန် ဘာစီလိုနာ အသင်းနဲ့ ရီးရဲလ်မက်ဒရစ်အသင်းတို့က အပြိုင်ကြိုးပမ်းနေကြောင်း သိရပါတယ်။ အသက် ၂၂ နှစ်အရွယ်ရှိ မူရီလို အနေနဲ့ နည်းပြ ဆန်းတို့စ် လက်အောက်တွင် ခံစစ်ပိုင်းကို အဓိကဦးဆောင် နေပြီး အမှတ်ပေးပြိုင်ပွဲ ၁၂ ပွဲကစားခဲ့ရာတွင် အသင်းကို ဂိုးမပေးရသည့်ပွဲစဉ် လေးပွဲအထိရရှိအောင် စွမ်းဆောင် နိုင်ခဲ့ပြီး အမှတ်ပေးပြိုင်ပွဲမှာ နော်တင်ဟမ်အသင်းကို ပရီးမီးယားလိဂ်၌ အဆင့် ၇ နေရာသို့ရောက်ရှိအောင် ပို့ဆောင် ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ ခံစစ်ပိုင်းပြဿနာကြုံတွေ့နေရတဲ့ ရီးရဲလ်မက်ဒရစ်အသင်းက မီလီတာအို နဲ့ အလာဘာ တို့ရဲ့ နေရာမှာ ခံစစ်ပိုင်းအတွက် ကာလတိုဖြေရှင်းနိုင်ရန် ကြိုးပမ်းနေချိန်တွင် မူရီလို ကို ရီးရဲလ်မက်ဒရစ်အသင်းအတွက် လိုအပ်တဲ့ ကစားသမားတစ်ဦးဖြစ်ခဲ့ပြီး ဘာစီလိုနာအသင်းကလည်း ဗဟိုခံစစ်ပိုင်းတွင် အာရူဂျို၊ ခရစ်စတန်ဆန် နဲ့ ဂါစီယာ တို့ ဒဏ်ရာပြဿနာရှိနေတဲ့အတွက် မူရီလို နဲ့ အစားထိုးရန် ပစ်မှတ်ထားနေတာဖြစ်ပါတယ်။(NVS 008)