ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်နဲ့ Puma ကုမ္ပဏီတို့ စပွန်ဆာစာချုပ် ချုပ်ဆို

29 Nov

ပေါ်တူဂီအဖွဲ့ချုပ်က လက်ရှိစပွန်ဆာကုမ္ပဏီဖြစ်တဲ့ Nike နဲ့ စာချုပ်ဖျက်သိမ်းပြီးတဲ့နောက် ဂျာမန်အားကစား ကုမ္ပဏီတစ်ခုဖြစ်တဲ့ Puma နဲ့ စပွန်ဆာစာချုပ် ချုပ်ဆိုခဲ့တယ်လို့ သိရပါတယ်။ Puma နှင့် သဘောတူစာချုပ်အရ ၂၀၂၅ ခုနှစ်မှစတင်ကာ ပေါ်တူဂီဘောလုံးအဖွဲ့ချုပ်ရဲ့ အမျိုးသားအသင်း၊ အမျိုးသမီးအသင်း၊ လူငယ်အသင်းများ၊ ဖူဆယ်အသင်းများနဲ့ လက်တွဲခဲ့ခြင်းဖြစ်ပါတယ်။ ဒါပေမယ့် ပေါ်တူဂီအသင်း ဝါရင့်တိုက်စစ်မှူး ရော်နယ်ဒို အနေနဲ့ ၂၀၀၃ ခုနှစ်ကတည်းက Nike ကုမ္ပဏီနှင့် စတင်လက်တွဲခဲ့ကာ ၂၀၁၆ ခုနှစ်မှာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂၇ သန်းရရှိတဲ့ စာချုပ်သစ်ကို ချုပ်ဆိုထားတာကြောင့် အခုစာချုပ်ဟာ ရော်နယ်ဒိုအပေါ်ကို မည်သို့သက်ရောက်မည်ကို မသိရသေးတာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ Puma ကုမ္ပဏီက ဩစတြီးယား၊ အိုင်စလန်၊ ချက်၊ ဂါနာ၊ အိုင်ဗရီကို့စ်၊ ဆီနီဂေါ၊ မော်ရိုကို၊ အီဂျစ်၊ ပါရာဂွေး၊ ဆားဘီးယားနဲ့ ဆွတ်ဇာလန် စတဲ့ ဘောလုံးအဖွဲ့ချုပ်များနဲ့လည်း စပွန်ဆာစာချုပ်များ ချုပ်ဆို ထားပါတယ်။(NVS 008)

29 Nov

ADVERTISE HERE .