ရုရှားနိုင်ငံသို့ မြန်မာအလုပ်သမားများ ခေါ်ယူရန်စီစဉ်

29 Nov

မြန်မာနှင့်ရုရှား နှစ်နိုင်ငံသဘောတူစာချုပ်(MOU)အရ ရုရှားနိုင်ငံက မြန်မာနိုင်ငံမှ အလုပ်သမားများကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်အေဂျင်စီများထံမှ သိရပါတယ်။ ရုရှားနိုင်ငံမှ လုပ်သားများခေါ်ယူရာတွင် အဓိကအားဖြင့် ကုန်ထုတ်လုပ်ငန်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းများအတွက် ခေါ်ယူမှာဖြစ်ပြီး အဆိုပါစနစ်တွင် အစိုးရချင်းအခမဲ့စနစ်(Zero-Cost)ဖြစ်လို့ မြန်မာနိုင်ငံမှ သွားရောက်အလုပ်လုပ်ကိုင်မည့်သူများအနေဖြင့် အခြေခံကုန်ကျစရိတ် အနည်းငယ်သာကုန်ကျမည်ဖြစ်ကြောင်း MOEAF တာဝန်ရှိသူတစ်ဦး ပြောဆိုမှုအရ သိရပါတယ်။ လက်ရှိတွင် ရုရှားအစိုးရဘက်မှ လုပ်သားသစ်များစုဆောင်းခြင်းအတွက် ဘာသာစကားသင်တန်းများစတင် နေကာ မြန်မာနိုင်ငံအနေဖြင့် ပြည်ပသို့ MOU စနစ်ဖြင့် လုပ်သားစေလွှတ်မှုများတွင် ထိုင်း၊ ဂျပန်နှင့်ကိုရီးယားနိုင်ငံ တို့အပြင် ရုရှားနိုင်ငံလည်း ပါဝင်လာပြီဖြစ်ပါတယ်။ (NVS 004)

29 Nov

ADVERTISE HERE .