“ဆောင်းရာသီစိုက်ပျိုးစရိတ် ငွေကျပ်ဘီလီယံ ၁၄ဝ ကျော် တောင်သူများအား ထုတ်ချေးပေးမည်”
29 Novမြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ဆောင်းရာသီစိုက်ပျိုးစရိတ် ချေးငွေအဖြစ် စုစုပေါင်းချေးငွေကျပ် ၁၄၀ ဒသမ ၅ ဘီလီယံအထိ တောင်သူများအား ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ ချေးငွေများကို တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၄ ခု ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲများတွင် ယခု ၂၀၂၄ ခုနှစ် အောက်တိုဘာမှ လာမယ့် ၂၀၂၅ ခုနှစ် ဇန်နဝါရီကုန်အထိ သတ်မှတ်ကာလလေးလသတ်မှတ်ကာ ထုတ်ချေးပေး သွားမှာဖြစ်ပြီး စတင်ထုတ်ချေးပေးတဲ့ အောက်တိုဘာလတစ်လအတွင်းမှာ ငွေကျပ် ၃,၁၂၁ သန်းကျော်ကို ထုတ်ချေးပေး ထားပြီးဖြစ်ပါတယ်။ ချေးငွေရယူလိုသည့် တောင်သူများအနေနဲ့ စပါးသီးနှံတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲနှုန်း၊ အခြားသီးနှံဖြစ်ပါက တစ်ဧကလျှင် ငွေကျပ်တစ်သိန်းနှုန်းဖြင့် ချေးယူနိုင်ကြောင်းနှင့် ချေးငွေအတွက် တစ်နှစ်လျှင် အတိုးနှုန်း ၅ ရာခိုင်နှုန်းသာ ကောက်ခံသွားမှာဖြစ်ပါတယ်။ အဆိုပါ ဘဏ်အနေဖြင့် ပြီးခဲ့တဲ့ မိုးရာသီကာလတွင် မိုးသီးနှံစိုက်ပျိုးမှုအတွက် နေပြည်တော်အပါအဝင် တိုင်း ဒေသကြီးနှင့် ပြည်နယ်များရှိ ခရိုင်၊ မြို့နယ်ဘဏ်ခွဲပေါင်း ၁၇၂ ခုမှ ရပ်ကွက်/ကျေးရွာအုပ်စုပေါင်း ၅,၈၇၁ အုပ်စုရှိ တောင်သူပေါင် ၅၀၅,၈၄၃ ဦး၏ စိုက်ပျိုးဧကပေါင်း ၃ ဒသမ ၄၂၃ သန်းကျော်အတွက် ချေးငွေကျပ် ၄၈၉ ဒသမ ၃၂၁ ဘီလီယံကို ထုတ်ချေးပေးခဲ့ကြောင်း သိရပါတယ်။ (NVS-004)