"ပို့ကုန်အခြေပြု အရန်ဆန်စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့်ထားရှိ"

29 Nov

ဆန်စပါးစင်တာတွင်ရှိသည့် Exporter များ၏ ပူးပေါင်းမှုဖြင့် ဆောင်ရွက်ထားရှိတဲ့ ပို့ကုန်အခြေပြု အရန်ဆန် စနစ်တွင် ဆန်အိတ်ရေ ရှစ်သိန်းခန့်ထားရှိကြောင်း နိုဝင်ဘာလ ၂၇ ရက်တွင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ကျင်းပ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှ သိရပါတယ်။ အဆို အရန်ဆန်ထားရှိမှုတွင် ဧည့်မထ ၁၅ မှတ် အမျိုးအစားကို အဓိကထားရှိကာ ဆန်ရည်ဆန်သားလည်း ကောင်းမွန်ပြီး သင့်တင့်မျှတလျက်ရှိကြောင်း သိရပါတယ်။ ထိုကဲ့သို့ ဆန်အိတ် ရှစ်သိန်းရှိသည့်အတွက် ပရဟိတအသင်းအဖွဲ့ဖြစ်စေ၊ လူမှုရေးအသင်းအဖွဲ့များဖြစ်စေ၊ စက်ရုံအလုပ်ရုံများမှဖြစ်စေ လိုအပ်ချက်များရှိပါက ရောင်းချပေးသွားမှာဖြစ်ပါတယ်။ ပို့ကုန်အခြေပြု အရန်ဆန်စနစ် အပြင် လက်ရှိမှာလည်း ရွှေဘိုပေါ်ဆန်း၊ ဧရာဝတီပေါ်ဆန်းတို့ကို အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးခြင်းရှိကြောင်း သိရပါတယ်။ (NVS-004)

29 Nov

ADVERTISE HERE .