"(၈)ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူတွင် မျက်စိဝေဒနာရှင်လူနာ ၂,၂၅၈ ဦးအား ကုသပေးနိုင်ခဲ့"
29 Novသီတဂူစက္ခုဒါနဆေးရုံ(ရန်ကုန်)၌ (၈)ကြိမ်မြောက် အခမဲ့မျက်စိအလင်းအလှူအဖြစ် နိုဝင်ဘာလ ၂၂ ရက်မှ ၂၈ ရက်အထိ မျက်စိဝေဒနာရှင်၂,၂၅၈ ဦးအား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ၅၂၀ ဦးအား ခွဲစိတ်ကုသ အလင်းရောင်ပေးလှူခဲ့ကာ ၄၇ ဦးကိုလည်း လေဆာဖြင့်ကုသမှုဆောင်ရွက်ပေးခဲ့နိုင်ကြောင်း သီတဂူစက္ခုဒါနဆေးရုံကြီးမှ သိရပါတယ်။ သီတဂူဆရာတော်ကြီး၏လမ်းညွှန်မှုဖြင့် မျက်စိအထူးကုဆရာဝန်ကြီးများ၊ သူနာပြု၊ အကူသူနာပြု၊ ကြက်ခြေနီ အဖွဲ့နှင့် အလှူရှင်တို့ ပူးပေါင်းပါဝင်ကုသိုလ်ပြုခြင်းဖြင့် (၈)ကြိမ်မြောက်အထိ အောင်မြင်စွာပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ မျက်စိခွဲစိတ်ကုသမှု ခံယူပြီးသူများကို ဒီဇင်ဘာလ ၁ ရက် နံနက် ၆ နာရီခွဲမှစတင်ပြီ မျက်စိပါရဂူဆရာဝန်ကြီးများက ပြန်လည်ကြည့်ရှု စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။ ယခုအကြိမ်အပါအဝင် အခမဲ့မျက်စိအလင်းကုသမှု စုစုပေါင်း(၈)ကြိမ်တွင် မျက်စိဝေဒနာရှင် ၁၀,၈၅၉ ဦးအား မျက်စိစမ်းသပ်ပေးခြင်း၊ ၃,၁၅၇ ဦးကို ခွဲစိတ်ကုသခြင်းနှင့် ၂၁၅ ဦးကို လေဆာဖြင့်ကုသမှုပေးခဲ့ပြီး လူနာအသစ်များမှာ (၁၀)ကြိမ်မြောက် မျက်စိအလှူတွင်သာ ပါဝင်နိုင်မှာဖြစ်ပြီး အသစ်ခေါ်မည့်ရက်ကို ကြေညာပေးသွားမယ်လို့ သိရပါတယ်။ (NVS-004)