“Golden Boy ဆုကို ရရှိခဲ့တဲ့ ဘာစီလိုနာအသင်းရဲ့ လူငယ်ကစားသမား ယာမယ်”
29 Nov၂၀၂၄ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်တဲ့ Golden Boy ဆုကို ဘာစီလိုနာအသင်းရဲ့ လူငယ်တောင်ပံကစားသမား ယာမယ် က ရယူနိုင်ခဲ့ပါတယ်။ ဒီဆုကို အီတလီအခြေစိုက် သတင်းစာတစ်ခုက ဥရောပဘောလုံးလောကရဲ့ တစ်နှစ်တာအတွင်း အသက် ၂၁ နှစ်အောက် အကောင်းဆုံးကစားသမားတွေကို နှစ်စဉ်နှစ်တိုင်း ပေးအပ်ချီးမြှင့် နေခဲ့တာ ဖြစ်ပါတယ်။ အခုနှစ်မှာတော့ ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့မှာ ခြေစွမ်းပြကစားနေခဲ့တဲ့ ယာမယ် က သတင်းထောက်တွေရဲ့ မဲပေးမှုနဲ့အတူ Golden Boy ဆုကို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယာမယ် ဟာ အခုမှ အသက် ၁၇ နှစ်အရွယ်သာ ရှိသေးပေမယ့် ဘာစီလိုနာအသင်းရဲ့ အဓိကကစားသမားတစ်ယောက်ဖြစ်သလို ပြီးခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာလည်း စပိန်အသင်းနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွှေဘောလုံးဆုပေးပွဲမှာလည်း တစ်နှစ်တာအကောင်းဆုံးလူငယ်ကစားသမား Kopa Trophy ဆုကို ယာမယ် က ရယူခဲ့ပါတယ်။ ယာမယ် ဟာ အခုနှစ်ဘောလုံးရာသီမှာလည်း ဘာစီလိုနာ အသင်းအတွက် ခြေစွမ်းပြ ကစားနေခဲ့သလို ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၆ ဂိုးသွင်းယူကာ ၈ ဂိုး ဖန်တီးပေး ထားနိုင်ခဲ့ပါတယ်။ (NVS 008)