တိုက်စစ်မှူး နဝမ်နာရီ ကို ကာလရှည်သက်တမ်းတိုးရန်စီစဉ်နေတဲ့ အာဆင်နယ်အသင်း
29 Novအာဆင်နယ်အသင်းက ယခုနှစ်ဘောလုံးရာသီမှာ ခြေစွမ်းပြသနေတဲ့ နဝမ်နာရီ ကို ကာလရှည် သက်တမ်း ရှိတဲ့ စာချုပ်တစ်ရပ်ချုပ်ဆိုဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အသက် ၁၇ နှစ်အရွယ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူး နဝမ်နာရီ က အာဆင်နယ်အသင်းအတွက် ပြိုင်ပွဲစုံ ၉ ပွဲ ပါဝင်ကစားခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သွင်းဂိုး တစ်ဂိုး၊ ကာရာဘောင်ပြိုင်ပွဲမှာသွင်းဂိုး တစ်ဂိုး သွင်းယူထား နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နဝမ်နာရီ ဟာ အာဆင်နယ်အသင်းရဲ့ ဒုတိယအသက်အငယ်ဆုံး ဂိုးသွင်းယူနိုင်တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ လက်ရှိ အာဆင်နယ်အသင်းနဲ့ နဝမ်နာရီ တို့ရဲ့ စာချုပ်ဟာ ၂၀၂၆ ခုနှစ်တွင် ကုန်ဆုံးမှာ ဖြစ်တာကြောင့် အာဆင်နယ်အသင်းရဲ့တာဝန်ရှိသူများက နဝမ်နာရီ ကို ကာလရှည်သက်တမ်းတိုးရန် စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ထိပ်သီးကလပ်အသင်းများက နဝမ်နာရီ ကို စိတ်ဝင်စားနေတာ ဖြစ်ပါတယ်။ (NVS 008)