Hero World Challenge ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ထုတ်ပြန်ခဲ့တဲ့ တိုက်ဂါးဝုဒ်
29 Nov
အမေရိကန် ဂေါက်သီးရိုက်ကစားသမား တိုက်ဂါးဝုဒ် ဟာ လာမယ့် ဒီဇင်ဘာလ ၅ ရက်မှာ စတင်ကျင်းပမယ့် Hero World Challenge ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ ပြီးခဲ့တဲ့စက်တင်ဘာလက တိုက်ဂါးဝုဒ် ဟာ နောက်ကျောဒဏ်ရာခွဲစိတ်ကုသမှု ခံယူခဲ့ရတာဖြစ်ပြီး ဒဏ်ရာပြန်လည်သက်သာလာပြီ ဖြစ်ပေမယ့် ပြိုင်ဝင်ရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောကြားခဲ့ပါတယ်။ Hero World Challenge ဂေါက်သီးရိုက်ပြိုင်ပွဲက တိုက်ဂါးဝုဒ်က ဦးဆောင်ကျင်းပခဲ့တဲ့ ပြိုင်ပွဲတစ်ရပ်ဖြစ်ပြီး နာမည်ကျော်ဂေါက်သီးရိုက်ကစားသမားတိုင်း ပါဝင်ယှဉ်ပြိုင်ကြသလို အဆိုပါဆုကိုလည်း တန်ဖိုးထားခဲ့ကြပါတယ်။ Hero World Challenge ပြိုင်ပွဲကို နာမည်ကျော်ကစားသမား ဦးရေ ၂၀ နဲ့ ကျင်းပသွားမှာဖြစ်ပါတယ်။ လက်ရှိ အခြေအနေမှာ တိုက်ဂါးဝုဒ်အနေနဲ့ ကျန်းမာရေးအခြေအနေကြောင့် Hero World Challenge ကို ဝင်ရောက် ယှဉ်ပြိုင်မှာ မဟုတ်ဘဲ ပြီးခဲ့တဲ့ သုံးနှစ်အတွင်း တစ်ကြိမ်သာ ယှဉ်ပြိုင်ကစားထားခဲ့တာ ဖြစ်ပါတယ်။ (NVS 008)