သုဝဏ္ဏအားကစားကွင်းမှာ VAR စနစ်ကို ပထမဆုံးအကြိမ်အဖြစ် အသုံးပြုမည်

29 Nov

အာဆီယံဘောလုံးအဖွဲ့ချုပ်က ကျင်းပမယ့် AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲမှာ ဗီဒီယိုအကူစနစ် (VAR) ကို စတင်ကျင့်သုံးသွားမှာဖြစ်တာကြောင့် အဆိုပါပြိုင်ပွဲများကျင်းပရာတွင်ပါဝင်တဲ့ မြန်မာအသင်းရဲ့ အိမ်ကွင်း မှာ VR စနစ်ကို ပထမဆုံးစတင်အသုံးပြုသွားမှာ ဖြစ်ပါတယ်။ အာဆီယံဘောလုံးအဖွဲ့ချုပ်ရဲ့ သတ်မှတ်ချက်များအရ အိမ်ကွင်းအဝေးကွင်းစနစ်နဲ့ ကျင်းပမှာ ဖြစ်တဲ့အတွက် ပြိုင်ဝင်အသင်းများအနေနဲ့ အုပ်စုပွဲ ၄ ပွဲမှာ ၂ ပွဲကို အိမ်ရှင်အဖြစ် ကျင်းပသွားမှာ ဖြစ်ပါတယ်။ အာဆီယံ ဘောလုံးအဖွဲ့ချုပ်က VAR စနစ်အတွက် အုပ်စုပွဲစဉ်များအတွက် ကင်မရာ ၁၀ လုံးနှင့် ဆီးမီးဖိုင်နယ်အဆင့် ပွဲစဉ်များမှစတင်ပါက ကင်မရာ ၁၂ လုံး အသုံးပြုသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ AFF Mitsubishi Electric Cup 2024 ပြိုင်ပွဲမှာ မြန်မာလက်ရွေးစင်အသင်းအနေနဲ့ အိမ်ကွင်း သုဝဏ္ဏအားကစားကွင်းမှာ ဒီဇင်ဘာလ ၉ ရက်မှာ စတင် လက်ခံကစားသွားမှာ ဖြစ်ပါတယ်။ (NVS 008)

29 Nov

ADVERTISE HERE .