“အမေရိကန်အစိုးရ က ယူကရိန်းနိုင်ငံကို နျူကလီးယားလက်နက်များတပ်ဆင်ရန် အစီအစဉ်မရှိဟုဆို”

29 Nov

အမေရိကန်အစိုးရသည် ယူကရိန်းနိုင်ငံကို နျူကလီးယားလက်နက်များ တပ်ဆင်ပေးရန် စီစဉ်နေခြင်း မရှိကြောင်း အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး News Week သတင်းဌာနက ဖော်ပြထားသည်။ အမေရိကန်နိုင်ငံသည် ယူကရိန်းနိုင်ငံကို နျူကလီးယားလက်နက်များ ထောက်ပံ့ပေးလာနိုင် သည့် မည်သည့်ခြိမ်းခြောက်မှုမျိုးကိုမဆို ရုရှားနှင့်စစ်ဖြစ်ပွားရန်အတွက် ကြိုတင်ပြင်ဆင်ခြင်းအဖြစ် မှတ်ယူသွား မည်ဟု ရုရှားသမ္မတဟောင်း ဒီမီထရီ မက်ဗီဒက် က မှတ်ချက်ပြုပြောပြီးနောက် အိမ်ဖြူတော်မှ တာဝန်ရှိသူတစ်ဦး က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။ ယူကရိန်းနိုင်ငံက နျူကလီးယားလက်နက်များရရှိစေရေးအတွက် အမေရိကန်တွင် ဆွေးနွေးမှုများ ပြုလုပ် နေသည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ရုရှားလုံခြုံရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒီမီထရီ မက်ဗီဒက် က သတိပေးလာခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၊ ဗြိတိန်နိုင်ငံနှင့်ပြင်သစ်နိုင်ငံတို့သည် ယူကရိန်း သို့ ၎င်းတို့၏ တာဝေးပစ်လက်နက်များနှင့် ရုရှားနိုင်ငံအတွင်းပိုင်းအထိ ပစ်ခတ်တိုက်ခိုက်ခွင့် ပြုထားသဖြင့် ရုရှား-ယူကရိန်း ပဋိပက္ခသည် နျူကလီးယားစစ်ပွဲအထိ ဖြစ်ပွားလာနိုင်သည့် တင်းမာမှုများ မြင့်တက်လာသည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

29 Nov

ADVERTISE HERE .