“သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ သင်တန်းဖွင့်လှစ်မည်”
29 Novတက္ကသိုလ်တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူများအနေနဲ့ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်)ရဲ့ သွားတုလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းဌာနမှာ ဖွင့်လှစ်မယ့် သွားတုလုပ်ငန်းကျွမ်းကျင်မှု ဒီပလိုမာ ၂ နှစ် သင်တန်းတက်ရောက် နိုင်တယ်လို့ သိရပါတယ်။ သင်တန်းတက်ရောက်လိုသူများက မြန်မာနိုင်ငံသား အသက် ၂၇ နှစ်ထက်မကျော်လွန်ဘဲ တက္ကသိုလ် တစ်ခုခုမှ သိပ္ပံဘွဲ့ရရှိသူဖြစ်ရမည်ဖြစ်ကာ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက သင်တန်းလျှောက်လွှာကို သက်ဆိုင်ရာဌာန အကြီးအမှူးရဲ့ ထောက်ခံချက်နဲ့ လျှောက်ထားရမည်ဖြစ်ပြီး တက်ရောက်ခွင့်ရရှိပါက သင်တန်းကာလတစ်လလျှောက် မိခင်ဌာနမှတာဝန်ချိန် (Deputation) သတ်မှတ်ပေးပြီး အချိန်ပြည့်တက်ရောက်နိုင်ရမှာ ဖြစ်ပါတယ်။ ထို့အတူ သင်တန်းတက်ရောက်ခွင့်ရရှိပြီး နိုင်ငံ့ဝန်ထမ်းမဟုတ်သူများအနေနဲ့ သင်တန်းပြီးဆုံးသည်အထိ တက်ရောက်နိုင်ရမှာဖြစ်ကာ တက်ရောက်ခွင့်ရသူများအားလုံးသည် သတ်မှတ်သင်တန်းကြေးများပေးသွင်းရမည်ပြီး သင်တန်းအောင်မြင်ပြီးပါက နိုင်ငံ့ဝန်ထမ်းအဖြစ် ၃ နှစ် ဆက်လက်တာဝန်ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။ တက်ရောက်ခွင့်ရသူများစာရင်းထုတ်ပြန်ပြီးချိန်တွင် သင်တန်းမတက်ခြင်း၊ ပြီးဆုံးအောင်မတက်ခြင်း၊ သတ်မှတ်ကာလအတိုင်း နိုင်ငံ့တာဝန်မထမ်းဆောင်ခြင်းများရှိပါက ၃ သိန်းကျပ်ကို လျော်ကြေးအဖြစ်ပေးဆောင်ရန် ကတိခံဝန်ချက်ချုပ်ဆိုရမည်ဖြစ်တယ်လို့ သိရပါတယ်။ တက်ရောက်ခွင့်လျှောက်ထားရာမှာ လျှောက်လွှာနှင့်အတူ ဘွဲ့လက်မှတ်(မိတ္တူ)အပါအဝင် လိုအပ်သော စာရွက်စာတမ်းများနှင့် လျှောက်လွှာမှာ ဖော်ပြထားတဲ့ အချက်အလက်များမှန်ကန်ကြောင်း ကိုယ်တိုင်လက်မှတ် ရေးထိုးထားသောခံဝန်ချက်တို့ လိုအပ်မှာ ဖြစ်ပါတယ်။ တက်ရောက်လိုသူများသည် ယခုနှစ် ဒီဇင်ဘာလ ၁၁ ရက်အထိ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် (ရန်ကုန်)သို့ လျှောက်လွှာများ နောက်ဆုံးပေးပို့ရမည်ဖြစ်ပြီး သင်တန်းတက်ရောက်ခွင့်ရရှိရန် ရေးဖြေစာမေးပွဲ ဖြေဆိုရမယ့် ခုံအမှတ်ကို ဒီဇင်ဘာလ ၁၆ ရက်၊ စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို ဒီဇင်ဘာလ ၁၈ ရက်တို့၌ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(ရန်ကုန်)မှာ ကြေညာကာထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ရေးဖြေစာမေးပွဲကို ဒီဇင်ဘာ ၂၀ ရက်နံနက် ၉ နာရီမှ ၁၂ နာရီအထိအား မြန်မာစာ၊ အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့ဖြေဆိုရမည်ဖြစ်၍ အသေးစိတ်သိရှိလိုပါက သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(ရန်ကုန်) ဖုန်း- ၀၉-၄၄၈၀၄၃၅၂၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရပါတယ်။ (NVS 004)