“၂၀၂၄ ခုနှစ် အကယ်ဒမီဆုပေးပွဲနှင့်ပတ်သက်သည့် သတင်းအမှားကို MMP Academy Awards လူမှုကွန်ရက် စာမျက်နှာ (Facebook Page) ကဖော်ပြ”

29 Nov

၂၀၂၄ ခုနှစ် အကယ်ဒမီဆုပေးပွဲအတွက် အချက်အလက်အမှား သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာ တစ်ခုဖြစ်တဲ့ MMP Academy Awards အမည်ရှိ Facebook Page မှ ဖော်ပြခဲ့ရာ ပြည်သူချစ်အနုပညာဆိုင်ရာ သတင်းဖြစ်တဲ့အတွက် အဲ့ဒီသတင်းကို ကိုးကားဖော်ပြကြမှုအပါအဝင် သတင်းတွေ ပြန့်နှံ့ခဲ့ပြီး တစ်ဆင့်ဖော်ပြခဲ့မှုတွေ ရှိခဲ့တာတွေ့ရပါတယ်။ အဆိုပါသတင်းမှားနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးရဲ့ တွဲဖက်အတွင်းရေးမှူး(၃) ဖြစ်တဲ့ ဦးချမ်းသာကြည်စိုးရဲ့ လူမှုကွန်ရက်အကောင့်က “သတင်းအမှားပါ။ သတင်းအမှန်ကို မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စာမျက်နှာနဲ့ MMPO Info (Telegram channel) ကသာ ထုတ်ပြန်ပါမယ်” လို့ ဖော်ပြလာပါတယ်။ ၂၀၂၄ ခုနှစ် အကယ်ဒမီဆုပေးပွဲ သတင်းတွေနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စာမျက်နှာနဲ့ MMPO Info (Telegram channel)တွေကသာ ထုတ်ပြန်သွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး စာမျက်နှာမှာတော့ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲအတွက် အကယ်ဒမီဆုဗန်းကိုင်များ လျှောက်လွှာခေါ်ယူတဲ့ ကြော်ငြာကို နေ့စဉ်ထုတ်သတင်းစာပါ ကြော်ငြာတွေကို ပူးတွဲ ဖော်ပြပြီး “လျောက်လွှာများကို စနေ/တနင်္ဂနွေ ရက်များတွင်လည်းထုတ်နိုင်ပါသည်”လို့ ဖော်ပြထားတာ တွေ့ရ ပါတယ်။ (NVS 007)

29 Nov

ADVERTISE HERE .