“တောင်သမန်တံတားနှင့် အင်းသို့ အာရှနိုင်ငံများမှ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်”

28 Nov

တောင်သမန်တံတားနှင့် အင်းသို့ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား တစ်ရက်လျှင် ၁,၅၀၀ ကျော်လာရောက် လည်ပတ်လျက်ရှိကြောင်း တောင်သမန်ပြုပြင် ထိန်းသိမ်းရေးအဖွဲ့ကနေ သိရပါတယ်။ အဆိုပါ တံတားနှင့် အင်းသို့ နိုဝင်ဘာလ ပထမပတ်က တစ်ရက်လျှင် ခရီးသွား ၆၀၀ ကျော်သာ လာရောက်ခဲ့သော် လည်း တန်ဆောင်တိုင်ကာလအတွင်းမှာ ခရီးသွားများဝင်ရောက်မှု ပိုမိုများပြားလျက်ရှိနေပါတယ်။ လက်ရှိမှာတော့ ပြည်ပဧည့်သည်များတွင် အာရှနိုင်ငံများဖြစ်တဲ့ ထိုင်းနှင့်ကိုရီးယားကခရီးသွားများ အများဆုံး လာရောက်လျက်ရှိပြီး တောင်သမန်တံတားပေါ်မှ နေဝင်ဆည်းဆာအလှကြည့်ခြင်းနှင့် ငှက်သမ္ဗန်များစီးကာ အင်းအတွင်း လည်ပတ်ခြင်းများ ပြုလုပ်နိုင်သလို ငှက်သမ္ဗန်စီးရေ ၅၀ ကျော်က ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရပါတယ်။ (NVS-004)

28 Nov

ADVERTISE HERE .