“နည်းပြ ရာထူးမှ ထုတ်ပယ်ခံရဖွယ်ရှိနေတဲ့ အေစီမီလန်နည်းပြ ဖွန်ဆီကာ”

28 Nov

အေစီမီလန်အသင်းက အသင်းနည်းပြ ဖွန်ဆီကာ ကို နည်းပြရာထူးကနေ ထုတ်ပယ်သွားဖွယ်ရှိတယ်လို့ သိရပါတယ်။ အေစီမီလန်အသင်းက ယခုနှစ်ဘောလုံးရာသီ စီးရီးအေပွဲစဉ် ၁၂ ပွဲမှာ ရမှတ် ၁၉ မှတ်နဲ့ အမှတ်ပေးဇယားအဆင့် ၇ မှာ ရပ်တည်နေတာဖြစ်ပေမယ့် ရလဒ်များ ထင်သလောက်ကောင်းမွန်ခြင်းမရှိတာကြောင့် နည်းပြ ဖွန်ကာဆီ ကို ရာထူးကနေ ထုတ်ပယ်ရန် စီစဉ်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ နည်းပြ ဖွန်ဆီကာ ဟာ အေစီမီလန်အသင်းကို ၂၀၂၄ ခုနှစ် ဇူလိုင်လတွင် စတင်ကိုင်တွယ်ပြီး ပြိုင်ပွဲ ၁၆ ပွဲမှာ ၇ ပွဲနိုင်၊ ၄ ပွဲသရေ၊ ၅ ပွဲရှုံးနိမ့်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် နည်းပြ ဖွန်ဆီကာ အနေနဲ့ လက်ရှိထွက်ပေါ်နေတဲ့ သတင်းများအတိုင်း အေစီမီလန်အသင်းနည်းပြရာထူးမှ ထုတ်ပယ်ခံရမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ (NVS 008)

28 Nov

ADVERTISE HERE .