“ယူကရိန်း ကာကွယ်ရေးဝန်ကြီးခရီးစဉ်အတွင်း တောင်ကိုရီးယားပြည်သူများက လက်နက်များ မထောက်ပံ့ ရန် တောင်းဆို”

28 Nov

ယူကရိန်းကာကွယ်ရေးဝန်ကြီး ရက်စတန်ယူမီရော့ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့၏ တောင် ကိုရီးယားနိုင်ငံခရီးစဉ်အတွင်း ထိုနိုင်ငံသို့စစ်လက်နက်ပစ္စည်းများ မထောက်ပံ့ရန် တောင်ကိုရီးယားပြည်သူများက ဆန္ဒပြတောင်းဆိုကြောင်း သိရသည်။ ယူကရိန်း က တောင်ကိုရီးယားမှစစ်လက်နက်ပစ္စည်းများကို တောင်းခံထား ခြင်း ဖြစ်ပြီး ရုရှားနှင့်မြောက်ကိုရီးယားတို့၏ခြေလှမ်းများအပေါ် မူတည်၍ ယင်းကဲ့သို့သော ထောက်ပံ့မှုများကို စဉ်းစားသွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရ က ပြောထားသည်။ ယခုယူကရိန်းကာကွယ်ရေးဝန်ကြီး၏ခရီးစဉ်သည် အဆိုပါ စစ်လက်နက်ပစ္စည်းများကို တောင်းခံရန် လာ ရောက်ခြင်းဖြစ်သည်ဟု သတင်းဌာနများက ဖော်ပြထားသည်။ လက်ရှိတွင် နှစ်နိုင်ငံကြား သတင်းအချက်အလက် မျှဝေရေး၊ နည်းပညာနှင့် လက်နက်များဖလှယ်ရေးကို သဘောတူထားကြောင်း RTA သတင်းဌာနတွင် ဖော်ပြထား သည်။

28 Nov

ADVERTISE HERE .