“အစ္စရေးနှင့်ဟစ်ဇ်ဘိုလာတို့ကြား အပစ်အခတ်ရပ်စဲရေး စတင်အသက်ဝင်လာ”

28 Nov

အစ္စရေးစစ်ဘက်နှင့်လက်ဘနွန်နိုင်ငံ အခြေစိုက် ဟစ်ဇ်ဘိုလာလက်နက်ကိုင်တပ်ဖွဲ့တို့ကြား အပစ်အခတ် ရပ်စဲရေးသည် နိုဝင်ဘာလ ၂၇ ရက် ဒေသစံတော်ချိန် နံနက် ၄ နာရီမှစ၍ အသက်ဝင်လာပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်ရရှိရန် အမေရိကန်နှင့်ပြင်သစ်နိုင်ငံတို့က ကြားဝင်စေ့စပ်ပေးခြင်း ဖြစ်ပြီး လက်ရှိအချိန်အထိ စာချုပ်ပါအချက်များကို ဖောက်ဖျက်မှုမရှိသေးကြောင်း တာဝန်ရှိသူများက ပြောသည်။ အစ္စရေးစစ်ဘက်နှင့် ဟစ်ဇ်ဘိုလာတပ်ဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများသည် ၂၀၂၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖြစ်ပွားခြင်း ဖြစ်သည်။ ထိုစဉ်က ပါလက်စတိုင်း လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ဟားမတ်စ်အဖွဲ့ကို ထောက်ခံသော ဟစ်ဇ်ဘိုလာတပ်ဖွဲ့က အစ္စရေးနယ်စပ်ကို ဖြတ်ကျော်၍ ဒုံးကျည်များနှင့် ပစ်ခတ်ခြင်းဖြင့် စတင်ခဲ့သည်။ ထို့နောက် အစ္စရေးတပ်ဖွဲ့က လက်ဘနွန်နိုင်ငံအတွင်းသို့ ကျူးကျော်ဝင်ရောက်ကာ ဘေရွတ်မြို့နှင့် အခြား သော မြို့များကို လေကြောင်းမှဗုံးကြဲတိုက်ခိုက်မှုများစွာ လုပ်ဆောင်သည့်အပြင် ဟစ်ဇ်ဘိုလာတပ်ဖွဲ့၏ထိပ်တန်း ခေါင်းဆောင်များကိုပါ ချေမှုန်းသုတ်သင်နိုင်ခဲ့သည်။ လက်ရှိ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ လက်ဘနွန်နိုင်ငံအတွင်း ဝင်ရောက်တပ်စွဲထားသော အစ္စရေးတပ်ဖွဲ့များအနေဖြင့် ရက်ပေါင်း ၆၀ အတွင်း ထိုနိုင်ငံ မှဆုတ်ခွာပေးရမည်ဖြစ်ပြီး ဟစ်ဇ်ဘိုလာတို့အနေဖြင့်လည်း နယ်စပ်ဒေသ၌ ၎င်းတို့၏အခြေခံအဆောက်အဦများ ကို ပြန်လည်တည်ဆောက်ခွင့် မရှိကြောင်း အမေရိကန်သမ္မတ ကပြောထားသည်ဟု RT သတင်းဌာနတွင် ဖော်ပြ ထားသည်။

28 Nov

ADVERTISE HERE .