မြန်မာ့အထည်ချုပ်လုပ်ငန်းများမှ အထည်များကို အရှေ့အလယ်ပိုင်းနိုင်ငံများ တိုးမြှင့်ဝယ်ယူ

28 Nov

မြန်မာနိုင်ငံမှာ CMP လက်ခစားစနစ်နဲ့ ချုပ်လုပ်တဲ့ အထည်များကို အရှေ့အလယ်ပိုင်းနိုင်ငံများက ဝယ်ယူမှု မြင့်တက် လာကြောင်း မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းမှ သိရပါတယ်။ အမေရိကန်၊ ဂျာမနီ၊ ပိုလန် အပါအဝင်အနောက်နိုင်ငံများက မြန်မာအထည်ချုပ် ပို့ကုန်ရဲ့ အဓိကဈေးကွက် အဖြစ် ရှိနေတယ်လို့ စီးပွားကူးသန်းဝန်ကြီးဌာနကနေ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်အတွင်း CMP လက်ခစားစနစ်နှင့် ချုပ်လုပ်နေတဲ့ အထည်ချုပ်စက်ရုံများအတွက် ပြည်ပနိုင်ငံများမှ အထည်လိပ်ကုန်ကြမ်းတင်သွင်းမှုက အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ပမာဏ ရှိခဲ့ပါတယ်။ အဆိုပါ အထည်လိပ်ကုန်ကြမ်းများကိုလည်း လုပ်ငန်းအပ်နှံထားတဲ့ နိုင်ငံများက တရုတ်နိုင်ငံဈေးကွက်မှတစ်ဆင့် အဓိက တင်သွင်းခဲ့ကြပြီး စုစုပေါင်းတင်သွင်းမှုရဲ့ ၉ဝ ရာခိုင်နှုန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။ (NVS 004)

28 Nov

ADVERTISE HERE .