“လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၇၅၀ ကျော်ရရှိထား”
29 Nov၂၀၂၄ -၂၀၂၅ ဘဏ္ဍာနှစ်၊ ဧပြီလမှ အောက်တိုဘာလ ၂၅ ရက်အထိ ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၂,၇၅၀ ကျော်ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနကနေ သိရပါတယ်။ အဆိုပါ လယ်ယာထွက်ကုန်ပစ္စည်းများကို ပင်လယ်ရေကြောင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၂,၃၁၇ သန်းကျော်နှင့် နယ်စပ် တင်ပို့မှုမှ အမေရိကန်ဒေါ်လာသန်းပေါင်း ၄၃၆ သန်းခန့်တင်ပို့ထားပြီး တရုတ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံ အစရှိတဲ့ နိုင်ငံများသို့ တင်ပို့လျက်ရှိပါတယ်။ ပြည်ပသို့တင်ပို့ခဲ့သည့် လယ်ယာထွက်ကုန်ပစ္စည်းများအနေနဲ့ ဆန်၊ ဆန်ကွဲ၊ ပဲအမျိုးမျိုး၊ ပြောင်း၊ နှမ်း၊ ဝဥ၊ ပန်းနှမ်း၊ ဝါး၊ ချင်း၊ ကြက်သွန်နီ၊ ဖရဲ၊ သခွားမွှေး အစရှိတဲ့ပစ္စည်းများကိုတင်ပို့လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းများအပြင် သစ်တောထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ ရေထွက်ကုန်ပစ္စည်း၊ သတ္တုတွင်း ထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် အခြားပို့ကုန်ပစ္စည်းများ တင်ပို့လျက်ရှိပြီး ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊ လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊ လူသုံးကုန် ပစ္စည်းနှင့် CMP တို့ကို ပြန်လည်တင်သွင်းလျက်ရှိတယ်လို့ သိရပါတယ်။ (NVS 004)