“မွန်ပြည်နယ်တွင် ကျောက်မိုင်းလုပ်ငန်းများ ပြန်လည်လုပ်ကိုင်လာ”

28 Nov

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ ၄ နှစ်ကျော်ကြာ ရပ်ဆိုင်းထားရတဲ့ ကျောက်မိုင်းလုပ်ငန်းများကို ယခုနှစ် အောက်တိုဘာလမှစတင်ကာ ပြန်လည်လုပ်ကိုင်လာကြပြီ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိမှာ ပေါင်မြို့နယ်အတွင်း ကျောက်မိုင်းလုပ်ငန်း ၈ ခုကျော် ပြန်လည်လုပ်ကိုင်လာခဲ့တာဖြစ်ပြီး အချို့ လုပ်ကိုင်သူများမှာ သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှုးများရဲ့ ထောက်ခံချက်နဲ့ ပြန်လည်လုပ်ကိုင်နေကြတယ်လို့ သိရပါတယ်။ အဆိုပါကျောက်မိုင်းလုပ်ငန်းများကြောင့် တောင်ပြိုမှုဖြစ်စဥ်များ ဖြစ်ပွားလာနိုင်တာကြောင့် ဒေသခံများမှာ စိုးရိမ်လျက်ရှိပြီး ကန့်ကွက်သွားမယ်လို့ ဒေသခံတစ်ဦးက ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်အတွင်းက ပေါင်မြို့နယ်၊ မိုးနိုင်းရပ်ကွက်၊ စွယ်တော်ပိုင်းရှိကျောက်မိုင်းလုပ်ငန်းခွင်အတွင်း မြေထိုးစက်ပိကာ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီးတဲ့နောက်ပိုင်း သက်ဆိုင်ရာက အဆိုပါလုပ်ငန်းများကို ရပ်နားခိုင်းခဲ့တာ ဖြစ်ပါတယ်။ (NVS 004)

28 Nov

ADVERTISE HERE .