“တရုတ်သို့ မြန်မာ့နာနတ်သီး တင်ပို့နိုင်ရန် ခွင့်ပြုချက်ရရှိ၍ ပြန်လည်တင်ပို့နိုင်တော့မည်”

28 Nov

နှစ်ပေါင်းများစွာ ညှိနှိုင်းဆွေးနွေးပြီးနောက် ယခုအခါမှာ မြန်မာနိုင်ငံမှ နာနတ်သီးများကို ပုံမှန်ကုန်သွယ်ရေး လမ်းကြောင်းများမှတဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရန် ခွင့်ပြုချက်ရရှိခဲ့ပြီဖြစ်ကြောင်း သိရပါတယ်။ မြန်မာနိုင်ငံမှ လတ်ဆတ်သော နာနတ်သီးများကို တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုမည်ဟု တရုတ်နိုင်ငံ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (General Administration of Customs of China-GACC) က နိုဝင်ဘာလ ၁၁ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ မြန်မာနိုင်ငံ၏ နာနတ်သီး အဓိကစိုက်ပျိုးဒေသဖြစ်တဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်းဒေသများမှ နာနတ်သီးများကို ဇွန်လမှ စက်တင်ဘာလအတွင်း ပုံမှန်ခူးဆွတ်လေ့ရှိပါတယ်။ ယခင်က မြန်မာနိုင်ငံမှ နာနတ်သီးအများစုကို တရားဝင်နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှုအစီအစဉ်နဲ့ တရုတ်နိုင်ငံသို့ တင်ပို့ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါလမ်းကြောင်းကို ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်မှာ တရုတ်နိုင်ငံက တရားဝင်ရပ်ဆိုင်းခဲ့တဲ့အတွက် မြန်မာ့ပို့ကုန်လုပ်ငန်းရှင်များဟာ ထိုင်း၊ စင်္ကာပူနှင့် အခြားနိုင်ငံများမှာ အစားထိုးဈေးကွက်များ ရှာဖွေခဲ့ရပြီး တင်ပို့မှုပမာဏမှာ နည်းပါးနေခဲ့ရတာ ဖြစ်ပါတယ်။ ယခုအခါ GACC နဲ့ တရုတ်နိုင်ငံသို့ တင်ပို့ခွင့်ရခဲ့ပြီး GACC ရဲ့ ကြေညာချက်အရ မြန်မာနိုင်ငံစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တရုတ်နိုင်ငံသို့ တင်ပို့လိုတဲ့ နာနတ်သီးစိုက်ခင်းများနှင့် ထုပ်ပိုးတဲ့ စက်ရုံများကို မှတ်ပုံတင်ရန် လိုအပ်ပြီး အဆိုပါစိုက်ခင်းများနှင့် လုပ်ငန်းများကို GACC မှ အတည်ပြုသွားမှာ ဖြစ်ကာ ဝက်စ်ဆိုဒ်မှာ အတည်ပြုထားသောစာရင်းကို ထုတ်ပြန်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ (NVS 004)

28 Nov

ADVERTISE HERE .