"ကလောဒေသကို ခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရေး ဆောင်ရွက်မည်”

28 Nov

ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကလောဒေသကို ခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရေး ဆောင်ရွက်လျက် ရှိကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုး၏ ပြောကြားချက်အရ သိရပါတယ်။ ကလောမြို့ရှိ Mya Yar Pin ဟိုတယ်မှာ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ခရီးစဉ်ဒေသစီမံခန့်ခွဲရေးအဖွဲ့ (Destination Management Organization- DMO) များနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ ကလောဒေသကို ခရီးသွားမြို့တော် ဖြစ်ပေါ်လာစေရန်ရည်ရွယ်၍ ကလောမြို့ ခရီးသွားလုပ်ငန်းပင်မစီမံကိန်း (၂၀၂၂ -၂၀၂၅) ကို မဟာဗျူဟာ (၅) ချက်ဖြင့် နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်နှင့်အညီ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်အကောင်အထည်ဖော်မှုများဖြင့် ရေးဆွဲအကောင်အထည်ဖော်လျက်ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စီမံကိန်းအကောင်အထည်ဖော်မှုကို အထောက်အကူပြုရန် ကလောမြို့ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးဖိုရမ်ကိုလည်း ကျင်းပခဲ့ကြောင်း ဒုတိယဝန်ကြီးကပြောကြားခဲ့ပါတယ်။ ကလောမြို့ဟာ ရှမ်းပြည်နယ် တောင်ပိုင်းမှာ ခရီးသွားဧည့်သည် ဒုတိယအများဆုံးလာရောက်လည်ပတ်ကြသော မြို့ကလေးတစ်မြို့ ဖြစ်ပြီး၊ အင်းလေးကန် ကဲ့သို့ပင် မြန်မာတွင်သာမက ကမ္ဘာအထိ ထင်ရှားကျော်ကြားလျက်ရှိပါတယ်။ ကလောမြို့သို့ မြေပြန့်ဒေသမှ ခရီးသွားဧည့်သည်များသည် ဆောင်းဦးပေါက်ကာလ၊ ဆောင်းတွင်းကာလ နှင့် ဆောင်းနှောင်းပိုင်းကာလတို့မှာ တောင်ပေါ်ဒေသရဲ့ ချမ်းအေးမှုအရသာခံစားနိုင်ရန် လာရောက်လည်ပတ်ကြသူ အထူးများပြားပြီး ပြည်တွင်းခရီးသွား အများစုလည်ပတ်ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

28 Nov

ADVERTISE HERE .