“အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်များ ပြည်ပဈေးကွက်သို့ တိုးချဲ့နိုင်ရန် စီစဉ်ဆောင်ရွက်နေ”

28 Nov

အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများမှ ထုတ်လုပ်သော ထုတ်ကုန်များ ပြည်ပဈေးကွက်များသို့ တိုးချဲ့တင်ပို့နိုင်ရေးအတွက် လုပ်ငန်းရှင်များ ပူးပေါင်းကာ လုပ်ဆောင်လျက်ရှိတယ်လို့ MSME လုပ်ငန်းရှင်များထံမှ သိရပါတယ်။ အဆိုပါ MSME လုပ်ငန်း ထုတ်ကုန်များကို ပြည်ပဈေးကွက်ရရှိရေးအတွက် နိုင်ငံတကာပြပွဲများသို့ သွားရောက် ပြသခြင်း၊ အရည်အသွေးများကို ပိုမိုမြှင့်တင်ထုတ်လုပ်ခြင်းနှင့် နည်းပညာပိုင်းဆိုင်ရာများကို တိုးတက်အောင်လုပ်ဆောင် ခြင်းများကို လုပ်ဆောင်လျက်ရှိနေပါတယ်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားဖြစ်သော အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ (MSMEs) ကဏ္ဍ အရှိန်မြှင့်တင် လုပ်ဆောင်သွားရန်အတွက် နိုင်ငံတော်အစိုးရက လုပ်ဆောင်ပေးလျက် ရှိပြီး မြန်မာနိုင်ငံ MSME အကောင်အထည်ဖော်မှုတွင် နိုင်ငံ၏ GDP ပါဝင်နှုန်းမှာ ၃ဝ ရာခိုင်နှုန်းသာခန့်မှန်း ပါဝင်လျက်ရှိနေတာကြောင့် GDP ပါဝင်မှုအချိုးတိုးတက်စေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိစေရန် အတွက် ကြိုးပမ်းအကောင်အထည်ဖော်ရန် လိုအပ်ချက်များလည်းရှိနေပါတယ်။ MSME စီးပွားရေးလုပ်ငန်းရှင်များလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ရာတွင် လိုအပ်သော ရင်းနှီးမြှုပ်နှံမှု ငွေကြေးများရရှိစေရန်အတွက် ပုဂ္ဂလိကဘဏ်များကို ချေးငွေများလျှောက်ထားနိုင်ပြီး ချေးငွေရယူမှု အဆင်ပြေ စေရန်အတွက် မြန်မာ့စီးပွားရေးဘဏ်အပြင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၅ ဘဏ်တို့တွင် ချေးငွေများ လျှောက်ထားနိုင်ပြီဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

28 Nov

ADVERTISE HERE .