“ရင်းနှီးမြှုပ်နှံမှုငွေကျပ် သန်း ၁,၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၉၀ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခု အတည်ပြု”
27 Novရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ ၁၁/၂၀၂၄ ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၂၆ ရက် က ရန်ကုန်မြို့ရှိ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီရုံးတွင် ကျင်းခဲ့ပပြီး အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှု ငွေ ကျပ် သန်း ၁,၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၉၀ သန်း တန်ဖိုးရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ကိုးခုကို အတည်ပြု ပေးခဲ့ကြောင်း သိရပါတယ်။ အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများတက်ရောက်ကြပြီး စက်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍ တို့တွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုနှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းရှစ်ခုတို့ကို အတည် ပြုပေးခဲ့ကြပါတယ်။ အတည်ပြုပေးခဲ့သည့်လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ ပြည်တွင်း၌ ရာနှုန်းပြည့်ရောင်းချမည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် Wool Fiber & Yarn ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် ဆံပင်တုအမျိုးမျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ စက္ကူတံဆိပ်ရိုက်ခြင်းဝန်ဆောင်မှုလုပ်ငန်းနှင့် ပြည်တွင်း၌ ရာနှုန်းပြည့်ရောင်းချမည့် အထည်ချုပ်လုပ်ငန်းတွင် အသုံးပြုသော ပလတ်စတစ်အိတ်အမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်း လုပ်ငန်းများဖြစ်ပါတယ်။ ရင်းနှီးမြှုပ်နှံမှုပမာဏမှာ ငွေကျပ် သန်း ၁,၅၀၀ နှင့် အမေရိကန်ဒေါ်လာ ၇ ဒသမ ၆၉၀ သန်း ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင်အခွင့်အလမ်း ၅,၂၅၅ ဦးအတွက် ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အစည်းအဝေး၌ အထွေထွေ ကိစ္စရပ် များတင်ပြကြတဲ့ ကုမ္ပဏီကိုးခု၏ တင်ပြချက်များကိုလည်း တာဝန်ရှိသူများက အသီးသီး ဆွေးနွေးဆုံးဖြတ်ခဲ့ ကြကြောင်း ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီမှ သိရပါတယ်။ (NVS-004)