“အမျိုးသားအားကစားပွဲတော်တွင် ရန်ကုန်တိုင်းဒေသကြီးမှ မသန်စွမ်းအားကစားအဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်”
27 Novနေပြည်တော်၌ ဒီဇင်ဘာလ ၉ ရက်မှ ၂၀ ရက်အထိ ကျင်းပပြုလုပ်မယ့် ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော် တွင်ပါဝင်တဲ့ မသန်စွမ်းအားကစားနည်းလေးနည်းစလုံးတွင် ရန်ကုန်တိုင်းဒေသကြီးမှ မသန်စွမ်းအားကစားအဖွဲ့က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ သိရပါတယ်။ ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်တွင်ပါဝင်တဲ့ မသန်စွမ်းအားကစားနည်းလေးနည်းမှာ ထိုင်လျက် ဘော်လီဘော၊ ပြေးခုန်ပစ်၊ ရေကူးနှင့် စစ်တုရင်ကစားနည်းတို့ဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီး မသန်စွမ်းအားကစားအဖွဲ့ အနေနဲ့ ပြိုင်ပွဲအားလုံးတွင် အောင်မြင်မှုရရှိရေးအတွက် ဒဂုံ(မြောက်ပိုင်း)မြို့နယ်ရှိ မြန်မာနိုင်ငံ မသန်စွမ်းသူများ အားကစားအဖွဲ့ချုပ် လေ့ကျင့်ရေးခန်းမများတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှ စတင်ပြီး စခန်းသွင်းလေ့ကျင့် လျက်ရှိနေပါတယ်။ အဆိုပါ ရန်ကုန်တိုင်းဒေသကြီးမသန်စွမ်းအားကစားအဖွဲ့၏ ပြေးခုန်ပစ်အားကစားနည်းတွင် အုပ်ချုပ်သူနည်းပြ နှစ်ဦး၊ အားကစားသမား ရှစ်ဦး၊ စစ်တုရင်အားကစားနည်းတွင် အုပ်ချုပ်သူနည်းပြ နှစ်ဦး၊ အားကစားသမား ခြောက်ဦး၊ ရေကူးအားကစားနည်းတွင် အုပ်ချုပ်သူနည်းပြ နှစ်ဦး၊ အားကစားသမား ငါးဦး၊ ထိုင်လျက် ဘော်လီဘောအားကစားနည်း တွင် အုပ်ချုပ်သူနည်းပြ နှစ်ဦး၊ အားကစားသမား ရှစ်ဦးတို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ (NVS-004)