“2024 Colourful World ဖိတ်ခေါ်ပန်းချီပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ ဆုများရရှိ”

27 Nov

တရုတ်နိုင်ငံ ပေကျင်းမြို့မှာ 2024 Colourful World အမည်ဖြင့် ကျင်းပခဲ့တဲ့ International Youth Painting Invitational Exhibition Awarding and Opening Ceremonies တွင် မြန်မာ-တရုတ် ချစ်ကြည်ရေးအသင်း(ဗဟို)၏ အစီအစဉ်ဖြင့် မြန်မာနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ ဆုများရရှိခဲ့ကြောင်း သိရပါ တယ်။ အဆိုပါပြိုင်ပွဲတွင် အသက် ၇ နှစ်မှ ၁၂ နှစ်အထိ အုပ်စုတွင် G 4 ကျောင်းသား မောင်သစ်ထူးဉာဏ် က ပထမဆု၊ အသက် ၁၃ နှစ်မှ ၁၈ နှစ်အထိ အုပ်စုတွင် G 9 ကျောင်းသား မောင်ဖုန်းမြတ်စံ က ဒုတိယဆုနှင့် G9 ကျောင်းသား မောင်မင်းစစ်ပိုင်၊ G 8 ကျောင်းသား မောင်ပြည့်ဖြိုးဟိန်းနှင့် ပန်းချီပညာသင်ကျောင်းမှ မဇူးဇူးလှိုင်တို့က တတိယဆု တို့ကို ရရှိခဲ့ကြပါတယ်။ “International Youth Painting Invitational Exhibition Awarding and Opening Ceremonies” ကို နိုဝင်ဘာလ ၂၃ ရက်က ပေကျင်း ပြည်သူ့နိုင်ငံခြားတိုင်းပြည်များနှင့် ချစ်ကြည်ရေးအသင်း (BPAFFC)နှင့် Beijing Association for Science and Technology, Overseas Chinese Affairs Office of Bejing Municipal Govemment, Beijing Women's Federation တို့ ပူးပေါင်း စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲသို့ နိုင်ငံပေါင်း ၆၄ နိုင်ငံမှ ကျောင်းသား၊ ကျောင်းသူ ၅၂,၀၀၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲကို အသက် ၄ နှစ်မှ ၆ နှစ်အထိ အုပ်စု၊ အသက် ၇ နှစ်မှ ၁၂ နှစ်အထိ အုပ်စုနှင့် အသက် ၁၃ နှစ်မှ ၁၈ နှစ်အထိ အုပ်စုဟူ၍ အုပ်စု (၃) စု ခွဲခြားယှဉ်ပြိုင်စေခဲ့ကြကာ မြန်မာနိုင်ငံမှ မြန်မာ-တရုတ်ချစ်ကြည်ရေးအသင်း(ဗဟို)၏ ကြီးကြပ်မှုဖြင့် အထက်ပါ အုပ်စု (၂) စုတွင် ယှဉ်ပြိုင်ရေးဆွဲပေးပို့ပြီး ပြိုင်ပွဲဝင်ခဲ့ကြရာ ထူးချွန်ဆုများရရှိခဲ့ကြကြောင်း သိရပါတယ်။ (NVS-004)

27 Nov

ADVERTISE HERE .