ကုန်ဈေးနှုန်းသတင်း ၂၇.၁၁.၂၀၂၄

27 Nov

အောက်တိုဘာလ ၂၇ ရက်အတွက် ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်တွေကနေရရှိတဲ့ ကုန်ဈေးနှုန်းတွေအရ မတ်ပဲ‌ဈေး ဆက်တိုက်ကျဆင်းနေသလို ပဲစင်းငုံနီဈေးလည်း အနည်းငယ် ကျဆင်းလာပါတယ်။ ပြောင်းဆန်နဲ့ ကြက်သွန်ဖြူဈေးတွေ အနည်းငယ် တက်လာပေမယ့် ထန်းလျက်နဲ့ သကြားဈေးတွေကတော့ ဈေးငြိမ်နေပါတယ်။ ကြက်သွန်နီဈေးကတော့ ဆက်တိုက်မြင့်တက်နေပါတယ်။ မတ်ပဲ(FAQ/RC) တစ်တင်းကို ၁၁၄,၇၅၀ ကျပ်၊ မတ်ပဲ (SQ/RC) တစ်တင်းကို ၁၂၇,၂၈၅ ကျပ်၊ မတ်ပဲ(Raw) တစ်ပိဿာကို ၅,၉၃၀ ကျပ်ကနေ ၅,၉၇၀ ကျပ်၊ ပဲစင်းငုံနီ တစ်တင်းကို ၁၂၆,၇၀၇ ကျပ်၊ ပဲတီစိမ်း တစ်ပိဿာကို ၄,၅၀၀ ကျပ်ကနေ ၆,၂၇၀ ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာကို ၄,၅၈၀ ကျပ်ကနေ ၅,၀၀၀ ကျပ်၊ ပဲလွန်းနီ တစ်ပိဿာကို ၃,၃၃၀ ကျပ်ကနေ ၃,၅၀၀ ကျပ်၊ ပြောင်းဆန် တစ်ပိဿာကို ၁,၅၂၀ ကျပ်ကနေ ၁,၅၇၀ ကျပ်၊ ဘိုကိတ်ပဲ တစ်ပိဿာကို ၅,၃၃၀ ကျပ်ကနေ ၅,၆၇၀ ကျပ်၊ ထောပတ်ပဲ တစ်ပိဿာ ကို ၆,၁၄၀ ကျပ်၊ ပဲကြီး တစ်ပိဿာကို ၄,၃၄၅ ကျပ်ကနေ ၅,၃၁၀ ကျပ်၊ ကုလားပဲခြမ်း တစ်ပိဿာကို ၆,၇၅၀ ကျပ်ကနေ ၇,၁၀၀ ကျပ်၊ စားတော်ပဲလုံး တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၈၃၅ ကျပ်၊ ပဲပုပ်မြစ်ဝကျွန်း‌ပေါ် (ဆီတိုး/ အထွက်တိုး) တစ်ပိဿာကို ၇,၁၆၅ ကျပ်ကနေ ၇,၅၀၀ ကျပ်၊ ကြက်သွန်နီ တစ်ပိဿာကို ၂,၀၀၀ ကျပ်ကနေ ၄,၅၀၀ ကျပ်၊ ကြက်သွန်ဖြူ တစ်ပိဿာကို ၁၂,၅၀၀ ကျပ်ကနေ ၁၆,၀၀၀ ကျပ်၊ ထန်းလျက် တစ်ပိဿာကို ၅,၀၀၀ ကျပ်ကနေ ၈,၅၀၀ ကျပ်၊ သကြား တစ်ပိဿာကို ၄,၈၀၀ ကျပ်ကနေ ၅,၁၀၀ ကျပ်၊ မန်ကျည်းသီး တစ်ပိဿာကို ၃,၃၀၀ ကျပ်ကနေ ၁၃,၀၀၀ ကျပ်၊ အာလူး တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၉,၀၀၀ ကျပ်၊ ငါးတံခွန် တစ်ပိဿာကို ၆,၀၀၀ ကျပ်ကနေ ၂၀,၀၀၀ ကျပ်၊ ငါးနှပ်ခြောက် တစ်ပိဿာကို ၂၀,၀၀၀ ကျပ်ကနေ ၃၅,၀၀၀ ကျပ် ဖြစ်ပေါ်နေပါတယ်။ နိုင်ငံခြားငွေလဲလှယ်နှုန်းတွေကတော့ မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)၏ ထုတ်ပြန်ချက်အရ အမေရိကန် တစ်ဒေါ်လာကို မြန်မာငွေ ၂,၁၀၆ ကျပ်နဲ့ စင်ကာပူ တစ်ဒေါ်လာကို မြန်မာငွေ ၁,၅၇၃ ကျပ် ဖြစ်ပါတယ်။ ပြင်ပပေါက်ဈေးအရ အမေရိကန်တစ်ဒေါ်လာကို မြန်မာငွေ ၄,၄၉၅ ကျပ်နဲ့ စင်ကာပူတစ်ဒေါ်လာကို မြန်မာငွေ ၃,၃၃၀ ကျပ် ဖြစ်နေပါတယ်။ စက်သုံးဆီဈေးနှုန်းတွေကတော့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန (PPRD)၏ နေ့စဉ်ထုတ်ပြန် ချက်အရ - -Octane 92 တစ်လီတာကို ရန်ကုန်မှာ ၂,၉၅၅ ကျပ်၊ မန္တလေးမှာ ၃,၀၃၅ ကျပ်၊ နေပြည်တော်မှာ ၃,၀၁၀ ကျပ်။ -Octane 95 တစ်လီတာကို ရန်ကုန်မှာ ၃,၁၅၀ ကျပ်၊ မန္တလေးမှာ ၃,၂၃၀ ကျပ်၊ နေပြည်တော်မှာ ၃,၂၀၅ ကျပ်။ -ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၂,၆၂၀ ကျပ်၊ မန္တလေးမှာ ၂,၇၀၀ ကျပ်၊ နေပြည်တော်မှာ ၂,၆၇၅ ကျပ်။ -Premium ဒီဇယ် တစ်လီတာကို ရန်ကုန်မှာ ၃,၂၅၅ ကျပ်၊ မန္တလေးမှာ ၃,၃၄၀ ကျပ်၊ နေပြည်တော်မှာ ၃,၃၁၅ ကျပ် ရှိနေပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းလုပ်ငန်းရှင်များအသင်း (YGEA) ၏ ယနေ့ထုတ်ပြန်ချက်အရ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းကတော့ ကျပ်သိန်း (၅,၃၅၁,၁၃၄/-) ငါးဆယ် သုံးသိန်း ငါးသောင်း တစ်ထောင် တစ်ရာ သုံးဆယ် လေးကျပ် ရှိပြီး ပြင်ပပေါက်ဈေးမှာ ကျပ်သိန်း (၆,၂၀၀,၀၀၀ိ/-) ခြောက်ဆယ် နှစ်သိန်းကျပ် ရှိနေတယ်လို့ သိရပါ တယ်။

27 Nov

ADVERTISE HERE .