“ဟမ်းဘတ်နဲ့လက်စတာအသင်းတွေရဲ့ စိတ်ဝင်စားမှုခံနေရတဲ့ နစ္စတဲလ်ရွိုင်း”
27 Nov
မန်ယူအသင်းမှာ ယာယီနည်းပြအဖြစ်ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ ထွက်ခွာခဲ့တဲ့ နည်းပြ နစ္စတဲလ်ရွိုင်း ကို ဂျာမန်ဘွန်ဒက်လီဂါ (၂) ကလပ် ဟမ်းဘတ်အသင်းနဲ့ ပရီးမီးယားလိဂ်ကလပ် လက်စတာအသင်း တို့က နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ နစ္စတဲလ်ရွိုင်း ဟာ ကစားသမားဘဝက ဟမ်းဘတ်အသင်းမှာ တစ်ရာသီကစားခဲ့ဖူးသူဖြစ်ပြီး ဒီနှစ်မှာအခြေ အနေဆိုးရွားနေတဲ့ ဟမ်းဘတ် ဟာ နည်းပြဖြစ်သူကို ထုတ်ပယ်အပြီးမှာ နည်းပြအသစ်ရှာဖွေနေတာဖြစ်ပြီး လာမယ့် ရက်ပိုင်းမှာ နစ္စတဲလ်ရွိုင်း ကို ခေါ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ လုပ်ဆောင်ဖွယ်ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုနှစ်မှာမှ ပရီးမီးယားလိဂ်ကို တန်းပြန်တက်လာခဲ့တဲ့ ချန်ပီယံဟောင်း လက်စတာအသင်း ကလည်း အဆင့် (၁၆) နေရာ ကိုရောက်ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်သာကွာတော့တဲ့အတွက် နစ္စတဲလ်ရွိုင်း ကို နည်းပြအဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ နစ္စတဲလ်ရွိုင်းဟာ မန်ယူအသင်းယာယီနည်းပြ အဖြစ် ၄ ပွဲ ကိုင်တွယ်ခဲ့ပြီး ၃ ပွဲနိုင် ၁ ပွဲသရေ ရလဒ်ရယူထားခဲ့သူ ဖြစ်ပါတယ်။ (NVS 004)